Monday, August 29, 2011

သမိုင်းသည် လူမျိုးတစ်မျိုး၏ အသက်သွီးကြောဖြိုက်ရေ


      သမိုင်းကိုမသိရေလူတစ်ယောက်ရေ မိမဟိဖမဟိဘဲ လမ်းဘေးမှာ စွန့်ပစ်ခံထားရရေ လူနန့်တူရေ၊
မွီးမိမွီးဖကိုမသိရေ လူတစ်ယောက်အနိန်နန့်လေး ဇာသူကိုချစ်ရကောင်းမှန်းမသိနိုင်ပါ။ ယင်းနေးတူ    မိမိလူမျိုးသမိုင်းကိုမသိရေလူတစ်ယောက်လေး မိမိလူမျိုးကို ချစ်ရကောင်းမှန်းမသိနိုင်ပါ။
(အေးကား ကမ္ဘာကျော်စာရွီးဆရာကြီး တော်စတွိုင်းက ကမ္ဘာမျိုးဆက်သစ် လူငေတိအတွက်ထားခရေ
သြဝါဒစကား ဖြိုက်ပါရေ။)

          မြန်မာသမိုင်းပညာသျှင် ဆရာကြီး ပါမောက္ခဒေါက်တာ သန်းထွန်းကို သူ့တပည့်ရို့က “သမိုင်းကို ဇာကြောင့်သင်ရစွာပါလေးလို့”မီးရေခါဆရာကြီးက“သမိုင်းကိုသင်ရစွာရေ”လူအ”တိမဖြိုက်ရအောင်” လို့ ပြန်ဖြေပါရေ။ အေပုဂိုလ်ကြီးနှစ်ဦး၏ သြဝါဒကား အလွန်မှန်ကန်ပါရေ။ အကျွန်ရို့မြန်မာနိုင်ငံကား ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းလို့ နှာမေတတ်ထားကေလေ့ အနှစ်သာရအားဖြင့် ဗမာသမိုင်း ဖြိုက်ပါရေ။ ပြည်ထောင်စု မြန်မာနိုင်ငံသမိုင်းကားမဟုတ်။ အေကား အလွန်အံမဝင်ဂွင်မကျ နှာမေခံပြည်ထောင်စုသမိုင်းဖြိုက်နိန်ပါရေ။
အေသမိုင်းမှာ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရားရို့ ကြီးကျယ်မှုကိုရာ            ဗဟိုထားပနာ ရွီးသားစီမံထားစွာဖြိုက်လို့ ရခိုင်သမိုင်းမှာ ထင်ရှားရေ မင်းဗာကြီး၊ မင်းရာဇာကြီး၊ သီရိသူဓမ္မ ရာဇာ၊ စရေ ရခိုင်ဘုရင်ရို့အကြောင်း တခုလေးမပါ။ ရခိုင်သမိုင်းကို ရခိုင်ရို့သင်ခွင့်မရစွာရေ ရခိုင်ရို့ကို “အ”အောင်လုပ်ထားရေ စီမံကိန်းရာဖြိုက်ပါရေ။ ရခိုင်ရို့အား ရခိုင်စာပီကို သင့်ခွင့်မရစွာလေး ရခိုင်ရို့”လူအ” တိဖြိုက်အောင်လို့ စီမံထားစွာဖြိုက်တေ။ အေပိုင် ကျတ်တေးကျိဉ်းမြောင်းအောင် စီမံထားရေအထဲက နရွေးစူးပိုင် ထူးချွန်ပေါက်မြောက်လာရေ ရခိုင်သားရို့ကား အများပြားပင်ဖြိုက် ပါရေ။ ရခိုင်ရို့ရေ ရခိုင်ရို့အကျိုးကို ထိမ်းသိမ်းစောင့်သျှောက်၊ ကာကွယ်ကတ်ရဖို့ဆိုရေ အသိစိတ် ဓာတ် ရခိုင်သူ ရခိုင်သားတိုင်းမှာ တာဝန်ကိုယ်ဇီ ဟိကတ်ရဖို့ ဖြိုက်တေ။
လူတိုင်းရေ မိမိရို့၏ အဖိုးအဖီးကို ကျေးဇူးဆပ်တေအနိန်ဖြငု့် မိမိတိုင်းပြည်၏ အကျိုးပြုလုပ်ငန်းကို ဆောင်ရွက်ကတ်ရဖို့ဖြိုက်တေ အထူးသဖြင့် ရခိုင်ရို့မှာ အမွီကောင်းတခုစီ ယှန်ထားခသင့်ပါရေ။
                        
ကိုင်…………..
ရခိုင်မြီဖွား ၊ ရခိုင်သားရို့
သင်ဖွားရေမြီ ၊ တိုးတက်ဇီဖို့
သင်ရို့ ဇာတိလုပ်လို့ ဟိလေး
သတိထားကြည့်ကတ်ယင့်လား
လုပ်ဖို့အသိဟိယင့်လား………။
ကိုယ့်မြီအကျိုး၊ မသယ်ပိုးကေ
လမ်းရိုးတလျှောက် ၊ ကျောက်ခဲလောက်ပင်
အသင်တန်ဖိုး ၊ ဟိဖို့မဟုတ် …………….။
ဒေစာသားကို ဆရာစံကျော်ထွန်း(မဟာဝိဇ္ဇ္ဇာ) ရေးသားရေ ( ဇာလုပ်ကတ်ဖို့လေး) စာအုပ်မှ ပါမောက္ခဒေါက်တာအေးကျော်၏ မိတ်ဆက် စာသားကိုပြန်လည်ရေးသားတင်ပြရခြင်းဖြစ်ရေ။
  ဟုတ်ပါရေ…… အေစာသားက ကကောင်း မှန်ပါရေ၊ ရခိုင်သားတိအတွက်လေး သမိုင်းသည် ဇာလောက်ထိအရေးကြီး အရာပါလေးဆိုစွာ ပေါ်လွင်ထင်ရှားဇီပါရေ။ သမိုင်းသည် လူမျိုးတစ်မျိုး၏ အသက်သွီးကြောဖြစ်တေ။ ဒေနိန့် ရခိုင်သားရို့မှာ ရခိုင့်သမိုင်းကို ကိုယ်နန့်မသက်ဆိုင်ရေပိုင် မသိကျိုးကျွန်ပြုနီကတ်တေ၊ သမိုင်းကိုမသိကေ ကိုယ့်အမျိုးကိုဇာပိုင် ချစ်ရမှန်း စောင့်ရှေက်ရမှန်း သိဖို့လေး။
 အမျိုးကိုမချစ်ကေကား ယင်းလူမျိုး ဇာလောက်ထိတည်တံ့နိုင်ဖို့လေး၊ သမိုင်းကိုသိမှ အမျိုးကိုချစ်ဖို့၊ အမျိုးကိုချစ်မှ အမျိုးကိုစောင့်ရှောက်ရမှန်းသိဖို့ဖြိုက်တေ။ ယင်းအတွက်ကြောင့် ရခိုင်သားရို့သည် ရခိုင့်သမိုင်းကို သိထားသင့်ရန် အထူးအရးကြီးပါရေ။
                                                          တင်ပြသူ …..ခိုင်မျိုးချစ်
                                                         



No comments:

Post a Comment