Saturday, October 29, 2011

ထိုင်းနိုင်ငံ ရေဘေးဒုက္ခသည်ထဲမှ ရခိုင်ရွှေ့ပြောင်းအလုပ်သမားများ

လွန်ခဲ့သည့် သတင်းနှစ်ပတ်ကျော်လောက်က ထိုင်းနိုင်ငံ၊ အယုဒ္ဒယာမြို့၌ ရေအဆမတန်လွှမ်းမိုးမှုကြောင့်
စက်ရုံအသီးသီး၌ အလုပ်လုပ်နေကြသည့် ရခိုင်ရွှေ့ပြောင်းအလုပ်သမားများတို့သည် ရေဘေးအန္တရာယ်မှ ဘေးလွတ်ရာသို့ကိုယ်စီ ထွက်ပြေးနေကြရသည်။
အချို့သောသူများသည် အယုဒ္ဒယာနှင့် ဘန်ကောက်မြို့ကို ရေအဆမတန်လွှမ်းမိုဖို့ရှိနေတယ် ဆိုတဲ့ကောလဟာလ သတင်းထွက်ပေါ်လာမှုကြောင့် ဘန်ကောက်မြို့ မော်ချစ်ကားဂိတ်မှ ဟိုက်ဝေးကာဖြင့် မဲဆောက်သို့ ထွက်ပြေးတင်းရှောင်နေကြသည်။
ကျန်ရှိနေသော ရခိုင်ရွှေ့ပြောင်း အလုပ်သမားအချို့မှာ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ (နခေါင်ပထုံမြို့တွင်) ဖွင့်လှစ်ထားသည့် ရေဘေးဒုက္ခသည်စခန်း၌ ယာယီနေထိုင်ခွင့်ပြုထားသည်။
ထိုင်းအစိုးရမှ ရွှေ့ပြောင်းအလုပ်သမားများအား ဒုက္ခသည်စခန်း၌ နေထိုင်ခွင့်ပြုရခြင်း၏ရည်ရွယ်ချက်မှာ
ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် စက်ရုံ၊အလုပ်ရုံများ ခေတ္တပိတ်ထားရသည့်အတွက်ကြောင့် ရွှေ့ပြောင်းအလုပ်
သမားများသည် မိမိနေရပ်ကိုပြန်သွားခဲ့ရင် ထိုင်းနိုင်ငံအတွင်း အလုပ်သမားလျှော့နည်းသွားမှာစိုးရိမ်မှုကြောင့်
ရေဘေးဒုက္ခသည်စခန်း ယာယီဖွင့်ပေးထားခြင်းဖြစ်သည်။

မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများနှင့် ရခိုင့်ရွှေ့ပြောင်းအလုပ်သမားများ ကိစ္စနှင့်ပါတ်သတ်လို့ ထိုင်းနိုင်ငံအစိုးရ အနေဖြင့် နောက်ဆက်တွဲ မည်သို့လုပ်ဆောင်ပေးမည်ကို မသိရသေးပါ။
ရေဘေးဒုက္ခသည်များအနေဖြင့် ဆက်ပြီးအလုပ်လုပ်ကိုင်ချင်ပါက အလုပ်ရှာဖွယ်ပေးမည်၊ မိမိနေရပ်ကို ပြန်လိုပါက ထိုင်းအစိုးရမှ ပြန်ပို့ပေးမည်ဟု ကောလဟာလ သတင်းထွက်ပေါ်နေပါတယ်။

                                                                                    နေမင်းထွန်း (ထိုင်း)

Friday, October 28, 2011