Tuesday, April 3, 2012

(၈) ကြိမ်မြောက် ရခိုင်ရိုးရာကျင်ပွဲ ကျင်းပမည်။


၂၀၁၂ ခုနှစ်- ဧပြီလ (၁၄) ရက်၊ ၁၃၇၃-၇၄ ခုနှစ် တန်းခူးလဆုပ် (၈) ရက် စနေနေ့တွင် (၈) ကြိမ်မြောက်  ရခိုင်ရိုးရာ ကျင်ပွဲကို ဖူးကတ်မြို့၊ပါသောင် မနှင်းဆီ ပန်းရန်ဆိုဒ်၌ လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ  ကြီးမှုကျင်းပသွားမည် ဖြစ်ပါသည်။
 
ယခင် နှစ်များနှင့်မတူဘဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါ၍  ကျင်ဝါသနာရှင် ကျင်သန်မောင်များနှင့် ထိုင်းနိုင်ငံရောက် ရခိုင်သူ/သား ညီကိုယ် မောင်နှမများ အနေဖြင့် ရခိုင်ရိုးရာ ကျင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အားပေးကြရန်အတွက် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ဆုကြေးအဖြစ် ( ရွှေ ) ပ-ဒု နှင့် ( ငွေ ) ပ-ဒု များကိုလည်း ရွှေသားအစစ်ဖြင့် စီစဉ်ပြုလုပ်ထားပြီး၊ ရွှေမောင်း ပထမဆု- ထိုင်းဘတ် 13000 ၊ ဒုတိယဆု- 10000 ဘတ် နှင့် ငွေမောင်း ပထမဆု- 10000 ဘတ်၊ ဒုတိယဆု 7000 ဘတ် အသီးသီး တန်ဖို့ဖြစ်ပါသည်။  ဝါသနာရှင် ကျင်သန်မောင်များ ကြေနပ်အားရဖွယ်ရှိအောင်  ဆုချီးမြင့်ပေးသွားမည် ဖြစ်ပါသည်၊

             
ဆက်သွယ်ရန်။            ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များ
                                  ( ၀၈ ၇၃၈ ၇၂၃၂၁ - ၀၈ ၄၆၈၉ ၃၁၄၃ -  ၀၈ ၈၈၂၀ ၇၀၄၉ -
       ၀၈ ၃၁၀၃ ၉၉၃၆ -၀၈ ၉၇၂၅ ၄၃၄၁ -
         ၀၈ ၆၉၅၀ ၉၆၁၅ - ၀၈ ၈၁၆၉ ၆၃၀၆ ) 

             အပြန် အခက်အခဲ ရှိသူများအား ကားစီစဉ်ပေးမည် ဖြစ်ပါသည်။ 

                                              လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း