Showing posts with label ရခိုင်ပြည် သတင်းများ. Show all posts
Showing posts with label ရခိုင်ပြည် သတင်းများ. Show all posts

Saturday, October 29, 2011

ထိုင်းနိုင်ငံ ရေဘေးဒုက္ခသည်ထဲမှ ရခိုင်ရွှေ့ပြောင်းအလုပ်သမားများ

လွန်ခဲ့သည့် သတင်းနှစ်ပတ်ကျော်လောက်က ထိုင်းနိုင်ငံ၊ အယုဒ္ဒယာမြို့၌ ရေအဆမတန်လွှမ်းမိုးမှုကြောင့်
စက်ရုံအသီးသီး၌ အလုပ်လုပ်နေကြသည့် ရခိုင်ရွှေ့ပြောင်းအလုပ်သမားများတို့သည် ရေဘေးအန္တရာယ်မှ ဘေးလွတ်ရာသို့ကိုယ်စီ ထွက်ပြေးနေကြရသည်။
အချို့သောသူများသည် အယုဒ္ဒယာနှင့် ဘန်ကောက်မြို့ကို ရေအဆမတန်လွှမ်းမိုဖို့ရှိနေတယ် ဆိုတဲ့ကောလဟာလ သတင်းထွက်ပေါ်လာမှုကြောင့် ဘန်ကောက်မြို့ မော်ချစ်ကားဂိတ်မှ ဟိုက်ဝေးကာဖြင့် မဲဆောက်သို့ ထွက်ပြေးတင်းရှောင်နေကြသည်။
ကျန်ရှိနေသော ရခိုင်ရွှေ့ပြောင်း အလုပ်သမားအချို့မှာ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ (နခေါင်ပထုံမြို့တွင်) ဖွင့်လှစ်ထားသည့် ရေဘေးဒုက္ခသည်စခန်း၌ ယာယီနေထိုင်ခွင့်ပြုထားသည်။
ထိုင်းအစိုးရမှ ရွှေ့ပြောင်းအလုပ်သမားများအား ဒုက္ခသည်စခန်း၌ နေထိုင်ခွင့်ပြုရခြင်း၏ရည်ရွယ်ချက်မှာ
ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် စက်ရုံ၊အလုပ်ရုံများ ခေတ္တပိတ်ထားရသည့်အတွက်ကြောင့် ရွှေ့ပြောင်းအလုပ်
သမားများသည် မိမိနေရပ်ကိုပြန်သွားခဲ့ရင် ထိုင်းနိုင်ငံအတွင်း အလုပ်သမားလျှော့နည်းသွားမှာစိုးရိမ်မှုကြောင့်
ရေဘေးဒုက္ခသည်စခန်း ယာယီဖွင့်ပေးထားခြင်းဖြစ်သည်။

မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများနှင့် ရခိုင့်ရွှေ့ပြောင်းအလုပ်သမားများ ကိစ္စနှင့်ပါတ်သတ်လို့ ထိုင်းနိုင်ငံအစိုးရ အနေဖြင့် နောက်ဆက်တွဲ မည်သို့လုပ်ဆောင်ပေးမည်ကို မသိရသေးပါ။
ရေဘေးဒုက္ခသည်များအနေဖြင့် ဆက်ပြီးအလုပ်လုပ်ကိုင်ချင်ပါက အလုပ်ရှာဖွယ်ပေးမည်၊ မိမိနေရပ်ကို ပြန်လိုပါက ထိုင်းအစိုးရမှ ပြန်ပို့ပေးမည်ဟု ကောလဟာလ သတင်းထွက်ပေါ်နေပါတယ်။

                                                                                    နေမင်းထွန်း (ထိုင်း)

Friday, October 28, 2011

Monday, September 5, 2011

ARAKAN ကို တရားမ၀င် အသုံးပြုနေခြင်းကို ကန့်ကွက်သည့် အခမ်းနား ရန်ကုန်မြို့တွင် ကျင်းပ

စံလင်း 

 ဦးဆောင်ရာတွင် ပါဝင်သူ တစ်ဦးက “ ခုလို ပြုလုပ်နေတာကို ကန့်ကွက်သလို တခြား တဘက်မှာလည်း ရခိုင်တမျိုးသားလုံးကို အရေးပေါ် အသိပေး တင်ပြတာ ဖြစ်ပါတယ် ” ဟု ပြောသည်။

Yangon-Rakhine-meeting
အခမ်းနားကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် စက်တင်ဘာ(၂)ရက် နေ့လည်(၂)နာရီ မှ ညနေ (၅)နာရီထိ ကျင်းပ ပြုလုပ်ခဲ့သည်။

ကန့်ကွက်ပွဲ ကျင်းပရခြင်းကို သူက ယခုလို ရှင်းပြ ပြောဆိုသည်။

“ အခု ရိုဟင်ဂျာ ဝပ်ဆိုက်တွေမှာ အာရကန်ကို အာရကန်ရိုဟင်ဂျာ Association ရခိုင်ပြည်နယ် မြေပုံကို သူတို့၏ တိုင်းပြည် သဘောမျိုးနဲ့ ထိပ်စီးခေါင်းစဉ်မှာ တင်ထားပြီးတော့ အာရေဗျာဘာသာ၊ ကိုရန်ဘာသာတွေနဲ့ ရေးထားတယ်။ ပြီးတော့ သူတို့ရဲ့ လစဉ်ထုတ် ဂျာနယ်တွေမှာ အာရကန်ဆိုတဲ့ အသုံးနှုန်းကို သူတို့၏ လူမျိုး၊ သူတို့တိုင်းပြည်၊ သူတို့၏ ယဉ်ကျေးမှု ဘာသာစကား အနေနဲ့ သုံးထားတာတွေ၊ ကမ္ဘာမှာလည်း လူ့အခွင့်ရေးကို အခွင့်ကောင်း ယူပြီးတော့ ရခိုင်သမိုင်းကို သူတို့ သမိုင်းလုပ်တယ်။ ရခိုင်ဘုရားတွေကို သူတို့ဘုရားလုပ်တယ်။ ရခိုင်ဘုရင်တွေကို သူတို့ဘုရင် လုပ်တယ်။ ရခိုင်ယဉ်ကျေးမှုတွေကို သူတို့ယဉ်ကျေးမှုလုပ်တယ်။ ရခိုင်ဒင်္ဂါးတွေကိုလည်း သူတို့ ဒင်္ဂါးလုပ်တယ်။ ပြီးတော့ လုပ်ကြံထားတဲ့ သမိုင်းတွေနဲ့ ကမ္ဘာမှာ တော်တော်လေးကို လိမ်လည် လှည့်ဖျားနေတယ်။ ရိုဟင်ဂျာတွေက အဲဒီလို လုပ်နေတဲ့အတွက် ရခိုင်ပြည်သူ တရပ်လုံးက လှုပ်ရှားမှ ဖြစ်တော့မယ်လို့ ယူဆတဲ့ အတွက် ကျနော်တို့က ခုလို တင်ပြဆွေးနွေးတာဖြစ်ပါတယ်။” ဟု ပြောသည်။

၎င်း အခမ်းအနားသို့ ရခိုင်သဟာယဥက္ကဌ ဦးခင်မောင်စိုး၊ ဦးမင်းကြည်၊ ဆရာကြီးဦးထွန်းရွှေခိုင်၊ ဆရာကြီးဒေါက်တာကျော်သိန်း၊ ဆရာမကြီးဒေါ်စောခင်တင့်၊ ဦဦးလှမြင့် နှင့် ရန်ကုန်မြို့ရှိ ရခိုင်မြို့နယ်ပေါင်းစုံ အသင်းအဖွဲ့များမှ ဥက္ကဌများ၊ ရခိုင်သဟာယအသင်းဝင်များ လှိုင်သာယာမြို့နယ် ရခိုင်အသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ အပြင် အခမ်းအနားကိုလူပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့သည်။

ယခုကဲ့သို့ ဆောင်ရွက်နေသည်ကို မြန်မာနှင့် နိုင်ငံတကာ အတိုင်းအတာထိ ကျယ်ပြန့်စွာ လုပ်ဆောင်သွားမည်ဟု လည်း သူက ပြောသည်။

" ကျနော်တို့ မနေ့က ဆုံးဖြတ်တဲ့ အခါ အဲဒီ အချက်တွေလည်းပါတယ်။ ကျနော်တို့ အသေးစိတ် ထုတ်ပြန်တဲ့ စာရွက် စာတန်းတွေကို အားလုံးရဲ့ သဘောတူညီချက်နဲ့ ယူနီစကို၊ ယူအန်နဲ့ သက်ဆိုင်တဲ့ အဖွဲ့စည်းတွေ၊ မနေ့က ယူအန်မှာ လုပ်ခဲ့တဲ့သူတွေ လည်းတက်ရောက်ပါတယ်။ သူတို့ကလည်း သူတို့ အဆက်သွယ်နဲ့ ယူအန်ကို ရောက်အောင် ပို့ပေးမှာပါ။ သံရုံးတွေကို ပို့မယ်၊ အမေရိကန် အစိုးရတို့နောက်ပြီး မူဆလင် အရေးနဲ့ ထိစပ်နေတဲ့ နိုင်ငံတွေကို ပို့ပေးမယ်။ ပြည်ပမှာ ရှိနေတဲ့သူတွေက ပို့ပီးလှုပ်ရှားရ လွယ်ကူတယ်။ ပြည်ပက လူတွေနဲ့လည်း ဆက်သွယ်ပြီး ဒီကိစ္စကို အလေးနက်ထား လုပ်စေချင်ပါတယ။် အဓိကတော့ ရခိုင်သူ ရခိုင်သားတွေဟာ ဘာမဟုတ်တာလေးနဲ့ ကွဲပြား နေတာမျိုး အသာထားပြီး အခုကိစ္စကို ပါရာဒိုင်းက ဘင်္ဂါလီအရေး ဖြစ်လို့ အခြား တိုင်းရင်းသားတွေ၊ မြန်မာလူမျိုးတွေ အကုန်လုံးပါဝင်အောင် စည်းရုံးသွားမှာပါ။” ဟု ပြောသည်။

၎င်းပြင် အဆိုပါ အခမ်းအနားတွင် ဆုံးဖြတ်ချက် (၂) ခုကိုလည်း ချမှတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်များမှာ (၁) ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတို့၏ တိုင်ပြည်နှင့် လူမျိုးကို ခေါ်ဆိုသော ARAKAN ဟူသော ဝေါဟာရကို ဘင်္ဂါလီ မူဆင်လင် အချို့က တရားမ၀င် လုယူသုံးစွဲ နေမှုကို ရခိုင် တမျိုးသားလုံးက တခဲနက် ရှုတ်ချ ကန့်ကွက်ကြောင်း။ (၂) ယင်းသို့ တရားမ၀င်သုံစွဲနေခြင်းကို ရခိုင်သူ ရခိုင်သား တရပ်လုံးက ဖြစ်နိုင်သမျှ နည်းလမ်း အသွယ်သွယ်ဖြင့် တုန့်ပြန် ဆောင်ရွက်သွားရန် တို့ ဖြစ်ကြောင်း သိရသည်။ 

http://www.narinjara.com/burmese.asp

Wednesday, August 31, 2011

ရခိုင်ပြည်တွင် လျှစ်စစ်မီတာခ အဆမတန်ဓျေးကြီး

ရခိုင်ပြည်နယ် မြို့အတော်များများမှာ တခြားဒေသတွေနှင့်မတူဘဲ ဆယ်ယူနစ်ခန့်အထိ မီတာတယူနစ်ကို
၂၅ ကျပ်နှုန်း ကျခံစေပြီး ကျန်ယူနစ်ပိုတွေအတွက် တယူနစ် ကျပ် ၄၀၀ ကျော်ပေးနေရသည်။  အပြည့်အစုံသို့ click

မူဆယ် -ကျောက်ဖြူ လျှစ်စစ်ရထားလမ်း နှစ်ကုန်မှာဖောက်မည်

 ရှမ်းပြည်နယ် မူဆယ်ကနေ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ လျှစ်စစ်ရထားလမ်းသစ်ကို ဒီနှစ်ကုန်ပိုင်း ကစပြီး ဖောက်လုပ်ဖို့ရှိတယ်လို့ မီးရထား ဝန်းကြီးဦးအောင်မင်းကပြောတယ်။
 အပြည့်အစုံသို click

Thursday, August 25, 2011

ကျောက်ဖြူတွင် လူခွန်ကောက်သည်ကို ရပ်တန့်ရန်အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများ တောင်းဆို

ရခိုင်ပြည်နယ် ကျောက်ဖြူတွင် လေလံရထားသူများက စက်လှေခွန်များကိုသာမက လူခွန်များကိုပါ ကောက်ယူနေသဖြင့် လူအများ အပြားက မကျေမနပ် ဖြစ်ကာ လူခွန်ကောက်မူကို ရပ်တန့်ရန် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်ရုံးသို့ သွားရောက်ပြီး တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။ 

ကျောက်ဖြူရှိ အများပြည်သူများ အသုံးပြုနေသော ဂျပန်မ ဆိပ်ကမ်းအား စည်ပင်မှ ပုဂ္ဂလိက လက်သို့ လေလံပေးထားပြီး လေလံရသူများက အဆိုပါ ဆိပ်ကမ်းတွင် ကူးတို့လှေများ၊ စက်လှေများကို သာမက ခရီးသွားပြည်သူများကို လူတစ်ဦးလျှင် အတက် ၄၀၀ ကျပ်၊ အဆင်း ၄၀၀ ကျပ် ကောက်ခံနေကြောင်း သိရသည်။ http://www.narinjara.com/burmese.asp