Monday, January 2, 2012

(၂၂၇) နှစ်ပြည့် ရခိုင်ဘုရင့်နိုင်ငံ အချုပ်အခြာအာဏာကျဆုံးခြင်း


 ၂၀၁၁-ခုနှစ်၊ ဒီဇင်္ဘာလ(၃၁)ရက်နေ့ (၂၂၇) နှစ်ပြည့် ရခိုင်ဘုရင့်နိုင်ငံ အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် ပွဲကျင်းပခဲ့ကြသည့် နေရာများ





(၂၂၇)နှစ်ပြည့် ရခိုင်ဘုရင့်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် ထိုင်းနိုင်ငံ ဖူးကတ်မြို့တွင် ကျင်းပ

(၂၂၇)နှစ်ပြည့် ရခိုင်ဘုရင့်အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲကို ဒီဇင်္ဘာလ (၃၁) ရက်၊ စနေနေ့ နေ့လည် (၁၂) နာရီမှ ညနေ () နာရီအထိ ထိုင်းနိုင်ငံ၊ ဖူးကတ်မြို့တွင် လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ ဦးဆောင်ကျင်းပခဲ့ပါသည်။

အခမ်းအနားပွဲသို့ ဆရာတော် သံဃာတော်များ၊ ရခိုင်သူ ရခိုင်သားများနှင့် တခြားတိုင်းရင်းသားများအပါအဝင် လူပေါင်း (၆၅၀) ကျော်လောက် တက်ရောက်ခဲ့ကြပါသည်။ ဤအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်သူများအား မိမိတို့၏ သမိုင်းမှန်ကို သိရှိနိုင်စေရန်နှင့် အတိတ်မှာ ဖြစ်ပျက်ခဲ့သည်များကို သင်ခန်းစာယူပြီး အနာဂတ် ရခိုင်မျိုးဆက်သစ်များမှ မိမိတို့၏ အမျိုးသားရေးတာဝန်များကို စည်းလုံးညီညွတ်စွာဖြင့် ပိုမိုထမ်းဆောင်နိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ပါသည်။

အခမ်းအနားပွဲသို့ တက်ရောက်လာသူပေါင်း (၆၅၀) ကျော်အား ရခိုင်ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြ ပါသည်။ အခမ်းအနားပြီးဆုံးချိန်တွင် ပျော်ပွဲရွှင်ပွဲအနေဖြင့် Laptop ကွန်ပျူတာနှစ်လုံးအပါအဝင် အခြားဆုမဲပေါင်း (၅၀)အား ကံစမ်းမဲအဖြစ် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားပွဲကို ထိုင်းနိုင်ငံဒေသအာဏာပိုင်များနှင့် ညှိနှိုင်းတိုင်ပင်၍ လုံခြုံရေးအခက်အခဲ မရှိ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

ယခုနှစ် အခမ်းအနားကျင်းရခြင်းနှင့် ပတ်သတ်၍ လေးဝတီမျိုးချစ်ရခိုင်လူမှုရေးအသင်း၏ ဥက္ကဋ္ဌ ကိုစိုးမြင့်မှ ဤ၀မ်းနည်းအောက်
မေ့ဖွယ် အခမ်းအနားအား ဖူးကတ်မြို့တွင် ကျင်းပခဲ့သည်မှာ ခါတိုင်းနှစ်များနှင့် မတူဘဲ ယခုနှစ်တွင် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်မှာ ကျနော်တို့ အသင်းသူ/သားများနှင့် ရွေ့ပြောင်းအလုပ်သမားများ၏ ၀ိုင်းဝန်ကူညီမှုများကြောင့်ဖြစ်သည်။  အခမ်းအာနားပွဲသို့ လူပေါင်း (၆၅၀) ကျော်လောက် တက်ရောက် အားပေးခဲ့သည်မှာ အားရကြေနပ်ဖွယ်ပင်ဖြစ်ပါတယ်