Wednesday, August 24, 2011

အလုပ်သမားအခွင့်အရေး

လူ့အခွင့်အရေးဆိုသည်မှာ အဘယ်နည်း။

လူ့အခွင့်အရေးဆိုသည်မှာ လူသားတဦး၏ အခြေခံရပိုင်ခွင့်များဖြစ်သည့် လူသားတဦးအ ဖြစ် ဂုဏ်သရေရှိစွာ ရပ်တည်နိုင်မှု၊ လွတ် လပ်စွာ နေထိုင်ပြောဆိုနိုင်မှု၊ လူသားခြင်း အခွင့်အရေးတန်းတူရနိုင်မှု၊ တန်းတူညီမျှစွာ အကာအကွယ်ပေးမှုစသည် တို့ဖြစ်သည်ဟု

၁၉၄၈ ခုနှစ်တွင် ရေးဆွဲပြဌာန်းထားသည့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး သဘောတူညီချက်စာတမ်း ဖေါ်ပြထားသည်။ လူသားတဦးအဖြစ် ဂုဏ်သရေရှိစွာ ရပ်တည်နိုင်မှုဆိုသည်မှာ လူသားတိုင်းကို လူတဦးအဖြစ် အသိအမှတ် ပြုရန်ဖြစ်သည်။ မွေးဖွားသည့်ဒေသ၊ လူမျိုး၊ ဘာသာစကား၊ လိင်၊အသက်၊ အရပ်အနိမ့်အမြင့်၊ ကျန်းမာရေး ကောင်းမှု/ မကောင်းမှု၊ လူတဦး၏ ပတ်ဝန်းကျင်တွင် သက် ရောက်သည့် သြဇာအာဏာ၊ ပစ္စည်းပိုင်ဆိုင်မှု၊ ကိုး ကွယ်သည့် ဘာသာ၊ ပညာအရည်အခြင်း၊ နိုင်ငံရေးနှင့်ပတ်သက်သည့် အယူအဆ မတူညီခြင်း စသည့် အချက် များသည် အကျိုးသက် ရောက်စေခြင်း မရှိရပါ။

လူတဦးခြင်းစီ၏ ခံစားပိုင်ခွင့် အခွင့်အရေးလူတဦးခြင်းစီ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် အိမ်ယာ အဆောက်အဦး၊ အ၀တ်အထည်၊ အစားအစာ ဆေးဝါးများ၊ ကျန်းမာရေးအတွက် ဆေးကုသခွင့်၊ လူသားတဦး၏ နေ့တဓူဝ ဖြတ်သန်းမှု၊ လွတ်လပ်စွာ နိုင်ငံရေးအမြင် သဘောထား ကွဲလွဲပိုင်ခွင့် စသည်တို့သည် လူသားတိုင်း အခွင့်အရေးတန်းတူညီမျှ သဘောထားကွဲလွဲပိုင်ခွင့်ရှိသည်။

- လူသားတဦးအဖြစ် နေ့တဓူဝ ဘ၀ဖြတ်သန်းမှုများကို လွတ်လပ်စွာ ဖြတ်သန်းနိုင်သည်။
- ဘ၀၏ တိုးတက်ရာ တိုးတက်ကြောင်းဖြစ်ထွန်းစေမည့် ပညာသင်ကြားမှုကိုလည်း လူအ များနည်းတူ လွတ် လပ်စွာ သင်ကြားနိုင်သည်။
- လူတဦးနှင့်တဦး အခြေအနေ ကွဲပြားခြားနားမှုကို အခွင့်အကောင်းယူ၍ အတင်းအကြပ် ရွေးချယ်ခိုင်းခြင်း ပြု၍ မရပါ။

လွတ်လပ်စွာ စုရုံးခွင့်
လူအများနှင့် စုရုံး၍ မိမိ၏ သဘောထားအမြင်ကို တင်ပြနိုင်သည်။ ဆုံးဖြတ်နိုင်သည်။ အခြားသောအခွင့်အရေးများ
မိမိ၏ အမည်နာမကို လွတ်လပ်စွာ မှည့်ဆိုနိုင်သည်။
• လူတဦးချင်းစီ၏ လွတ်လပ်စွာ ရပ်တည်နိုင်မှု၊ မိသားစု၊ အိမ်တို့နှင့် ဆက်သွယ်ရာတွင် သတင်းအချက်များကို လွတ်လပ်စွာ ပို့ဆောင်နိုင်သည်။ လဲလှယ်နိုင်သည်။
• လူတိုင်းသည် ညှဉ်းပမ်းနှိပ်စက်မှုမှ လွတ်ကင်းစေရမည်။ ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ
၂၀၀၇ ခုနှစ်တွင် ပြင်ဆင်ရေးဆွဲထားသော ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း လူတဦးခြင်းစီ၏ အခွင့်အရေးကို အောက်တွင် ဖေါ်ပြထားသည့် ဥပဒေများဖြင့် အကာအ ကွယ်ပေးထားသည်။

အပိုဒ် (၄) - လူသားတဦးအဖြစ် ဂုဏ်သရေရှိစွာ ရပ်တည်နိုင်ခွင့်၊ လူသားတိုင်းအခွင့်အရေး တန်းတူညီမျှ ရပိုင်ခွင့်နှင့် လူတဦးချင်းစီ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးရမည်။
အပိုဒ် (၂၆) - အစိုးရလက်အောက်ခံအဖွဲ့အစည်းများအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ဖေါ်ပြထားသည့် လူသားတဦး အဖြစ် ဂုဏ်သရေရှိစွာ ရပ်တည်နိုင်ခွင့်၊ လူသားတိုင်း အခွင့်အရေး တန်းတူညီမျှ ရပိုင်ခွင့်နှင့် လူတဦးချင်းစီ လွတ်လပ်ခွင့်ကို လေးစားလိုက်နာ၍ အာဏာကို အသုံးပြုရမည်။
အပိုဒ် (၂၈) - အပိုဒ်ခွဲ (၁) တွင် လူတဦးတယောက်၏ လုပ်ရပ်သည် အခြားသူများကို ထိ ခိုက်နစ်နာခြင်း မရှိလျှင်၊ တိုင်းပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိခိုက်စေခြင်း မရှိလျှင် အခြားသူများ၏ ကိုယ်ကျင့်တရားကို ထိခိုက်စေမှု မရှိလျှင် ထိုသူ၏ လုပ်ရပ်ကို အတိုင်းအ တာ တခုအထိ ခွင့်ပြုသည်။
အပိုဒ် (၃၀) - ဥပဒေကြောင်းအရ တရားရင်ဆိုင်ရာတွင်လည်းကောင်း၊ အကာအကွယ်ပေးမှုဆိုင်ရာတွင်လည်းကောင်း လူတိုင်း တန်းတူညီမျှ ခံစားပိုင်ခွင့်ရှိသည်။
အမျိုးသား၊ အမျိုးသမီး တန်းတူအခွင့်အရေးရှိသည်။
မွေးဖွားသည့် ဒေသ၊ လူမျိုး၊ ဘာသာစကား၊ လိင်၊အသက်၊ ကျန်းမာရေး၊ လူတဦး၏ ပတ်ဝန်းကျင်တွင် သက်ရောက်နေသည့် သြဇာအာဏာ၊ ပစ္စည်းပိုင်ဆိုင်မှု၊ ကိုးကွယ်သည့် ဘာသာ၊ ပညာအရည်အချင်း၊ နိုင်ငံရေး အယူအဆ မတူညီခြင်း စသည့် အချက်များကြောင့် လူတဦးနှင့် တဦးကြား ခွဲခြားဆက်ဆံခြင်း ပြု၍ မရပါ။
အပိုဒ် (၄၄) - လူတိုင်းသည်လက်နက်မပါဘဲ ငြိမ်းငြိမ်းချမ်းချမ်ဖြင့် မိမိ၏ ဆန္ဒကို လွတ်လပ် စွာ ထုတ်ဖေါ်ပြသနိုင်သည်။
အပိုဒ် (၄၅) - လူတိုင်းသည် လွတ်လပ်စွာ အသင်းအပင်း၊ သမဂ္ဂ၊ သမ၀ါယမ၊ စိုက်ပျိုးရေး အသင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အခြားသော အသင်းအပင်းများကို လွတ် လပ်စွာ ဖွဲ့စည်းနိုင်သည်။နိုင်ငံခြားသားအလုပ်သမားများအတွက် အလုပ်ခွင်အတွင်း သတ်မှတ်ထားချက်များ
အလုပ်သမားလက်မှတ်သက်တမ်းတိုးရာတွင် လုပ်ဆောင်ရမည့် အဆင့်များ
ထိုင်းနိုင်ငံတွင်းသို့ တရားမ၀င် ရောက်ရှိလာသည့် နိုင်ငံခြားသားအလုပ်သမားများကို အ လုပ်သမားမှတ်ပုံတင် ပြုလုပ်၍ တရားဝင်ဖြစ်လာစေရန် ခွင့်ပြုလာခဲ့သည်မှာ ၁၉၉၆ ခုနှစ်မှ ယနေ့ထိပင်ဖြစ်သည်။ အလုပ်သမားလက်မှတ်များကိုလည်း အစိုးရအဖွဲ့မှ နှစ်စဉ် (၁) နှစ် သက်တမ်းဖြင့် ခွင့်ပြု၍ ထိုင်းနိုင်ငံတွင်း တရားဝင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ပြုခဲ့သည်။

အလုပ်သမားလက်မှတ်လုပ်ဆောင်ပုံနှင့် ခွင့်ပြုသည့်လုပ်ငန်းများ အုပ်ချုပ်ရေးရုံးနှင့် အမျိုးသားမှတ်ပုံတင်ဌာနတို့၏လုပ်ငန်း
၁- ဒေသဆိုင်ရာရုံး၊ ရပ်ကွက်လူကြီးများနှင့် အုပ်ချုပ်ရေးကော်မတီတို့နှင့်ပူးပေါင်း၍ သောထော ပုံစံ (၁) နှင့် ရပ်ရွာတိုးတက် ရေးအတွက် ဖွဲ့စည်းထားသော အဖွဲ့တို့ ပူးပေါင်း လေ့လာတွေ့ရှိချက်။
၂- ဒေသဆိုင်ရာ မှတ်ပုံတင်ဌာနတွင် ဓါတ်ပုံရိုက်ခြင်း။
၃- လက်ဗွေနှိပ်ယူခြင်း။
၎- နိုင်ငံခြားသားအလုပ်သမား အိမ်ထောင်စုစာရင်းပုံစံ (ထောလော) ၁၃။
၅- နိုင်ငံခြားသားအလုပ်သမားအတွက် မှတ်ပုံတင်ပြုလုပ်ပေးခြင်း။
၆- နိုင်ငံခြားသားအလုပ်သမားအတွက် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပြုလုပ်ပေးခြင်း။

ကျန်းမာရေးဝန်ကြီးဌာနမှ လုပ်ဆောင်ပေးရမည့် တာဝန်များ
၁။ ရောဂါစစ်ဆေးခြင်းနှင့် ကျန်းမာရေးအာမခံပြုလုပ်ပေးခြင်း။
၂။ ကျန်းမာရေးစစ်ဆေးခြင်းသည် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးအာမခံဌာနတို့၏ ထုတ်ပြန်ကြေငြာချက်
၂၀၀၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျန်းမာရေးဌာနနှင့်၊ ကျန်မာရေး အာမခံဌာ နတို့က နိုင်ငံခြားသား အလုပ်သမားများ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်၍ အောက်ပါရောဂါ (၇) မျိုးကို တွေ့ရှိသူများအား အလုပ်လုပ်ကိုင်ခွင့် ပြုမည်မဟုတ်ဟု ထုတ်ပြန်ကြေငြာလိုက် သည်။

၁။ တီဗွီရောဂါပိုးရှိနေသူ
၂။ အနာကြီးရောဂါရှိသူ (အနူရောဂါ)
၃။ ဆင်ခြေထောက်ရောဂါပိုးရှိသူ
၎။ ဆဖလစ်ရောဂါပိုးရှိသူ
၅။ ပြစ်ဒဏ်ပေးနိုင်လောက်သည့် မူးယစ်ဆေးဝါးများကို သုံးစွဲသူ
၆။ အရက်သောက်များလွန်း၍ အရက်ကျွမ်းသည့်ရောဂါခံစားနေရသူ
၇။ စိတ်ရောဂါဝေဒနာခံစားနေရသူနှင့်လူစဉ်မမှီဒုက္ခိတဖြစ်နေသူ


အလုပ်သမားဝန်ကြီးဌာနမှ လုပ်ဆောင်ပေးရမည့်တာဝန်များ
၁။အလုပ်ရှင်က ငှားရမ်းလိုသော နိုင်ငံခြားသားအလုပ်သမားအရေအတွက်။
၂။ လုပ်ငန်းခွင်အလိုက် လိုအပ်သည့် အလုပ်နေရာအတွက် (၇) ရက်ကြိုတင်၍ အလုပ်သ မားလူသစ် လျှောက်လွှာများကို လက်ခံရမည်။
၃။ အလုပ်ရှင်အား ငှားရမ်းလိုသည့် အလုပ်သမားအရေအတွက် ခွဲတမ်းကို သတ်မှတ်ပေး ရမည်။
၎။ နိုင်ငံခြားသားအလုပ်သမားကိုယ်တိုင် မလာရောက်နိုင်ပါက (သို့မဟုတ်) ကိုယ်စားလှယ် ဖြစ်သူသည် အလုပ်သမားလက်မှတ်အတွက် လာရောက်၍ လျှောက်လွှာတင်ရမည်။
၅။ နိုင်ငံခြားသားအလုပ်သမားအတွက် အလုပ်လုပ်ကိုင်ခွင့်အတွက် ခွင့်ပြုပေးခြင်း ဆိုင်ရာ လုပ်ငန်းများကို စီစစ်ပေးရမည်။
၆။ ခွင့်ပြုပြီးသော နိုင်ငံခြားသားအလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်များကိုလည်း အုပ်ချုပ်ရေးရာရုံး သို့ ပိုဆောင် ပေးရမည်။ အလုပ်သမားလက်မှတ်များကို ရိုက်နှိပ်ပေး၍ အ လုပ်သမားရုံးသို့ ပြန်လည်ပေးပို့ရမည်။
၇။ အကယ်၍ အလုပ်လုပ်ကိုင်ခွင့်မပြုပါက လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနသို့ သက်ဆိုင်သူ ၏ ကိုယ်ရေး အချက်အလက်များကို ပေးပို့၍ ထိုသူအား နေရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးရမည်။
အလုပ်သမားလက်မှတ်အတွက် ပေးဆောင်ရမည့်ငွေ ပမာဏ
- ကျန်းမာရေးအတွက် ဆေးစစ်ခြင်း ကုန်ကျငွေ ဘတ် (၆၀၀)
- တနှစ်စာအတွက် ကျန်းမာရေးအာမခံ ဘတ်ငွေ (၁,၃၀၀)
- အလုပ်လုပ်ကိုင်ခွင့်ပြုရန် လျှောက်လွှာတစောင်လျှင် ဘတ်ငွေ (၁၀၀)
အလုပ်လုပ်ကိုင်ခွင့် လက်မှတ်အတွက် ကုန်ကျစရိတ်
၁- အလုပ်လုပ်ခွင့် (၁) နှစ် သက်တမ်းအတွက် ဘတ်ငွေ ၁,၈၀၀
၂- အလုပ်လုပ်ခွင့် (၆) လ သက်တမ်းအတွက် ဘတ်ငွေ ၉၀၀
၃- အလုပ်လုပ်ခွင့် (၃) လ သက်တမ်းအတွက် ဘတ်ငွေ ၄၅၀
နိုင်ငံခြားသားအလုပ်သမားများအတွက် လုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းအမျိုးအစားများ
၁- ကုန်းလမ်း၊ ရေလမ်းပို့ဆောင်ရေးလုပ်ငန်းများတွင်လုပ်ကိုင်သူများ၊ သတ္တုတွင်း (မိုင်း) လုပ်သားများ၊ ဆောက်လုပ်ရေးလုပ်သားများ၊ စည်သွတ်စက်ရုံ၊ စိုက်ပျိုးရေးခြံများ၊ ပစ္စည်း သိုလှောင်သည့် ဂိုဒေါင်များ၊
၂- ငါးဖမ်းလှေလိုက်သည့်အလုပ်သမားများ၊ ငါး၊ ပုဇွန် ရောင်းဝယ်သည့် ဒိုင်များတွင်အလုပ် လုပ်နေသူများ၊ ပင်လယ် အစားအစာနှင့် ဆိုင်သော ကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ် ငန်းများ။
၃- လုပ်အားကို အဓိက အသုံးပြုရသည့် စက်ရုံ၊ အလုပ်ရုံများ (သို့မဟုတ်) လုပ်ငန်းများ။
၎- အိမ်ဖေါ်အလုပ်သမားများ
၅- မွေးမြူရေးကန် အလုပ်သမားများ
၆- စိုက်ပျိုးရေးခြံများတွင် သစ်ပင် ပျိုးပင်များကို စိုက်ပျိုးသော အလုပ်သမားများ
ရွေ့ပြောင်းအလုပ်သမားများကို ခွင့်ပြုသောလုပ်ငန်းများနှင့် ကန့်သတ်ချက်များ
၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် နိုင်ငံခြားသားအလုပ်သမားများဖြစ်သည့် လာအို၊ မြန်မာ၊ ကမ္ဘောဒီယားစသည့် (၃) နိုင်ငံမှ နိုင်ငံသားများအား ၂၀၀၇ ခုနှစ်အတွက်ထိုင်းနိုင်ငံ အတွင်း တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ ၀န်ကြီးများ အစည်းအဝေးက အောက်ပါအတိုင်း သဘောတူညီလိုက်သည်။
ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၀၇ ခုနှစ် နှင့် ဂျူလိုင်လ ၃၀ ရက် ၂၀၀၇ ခုနှစ်တွင် ထိုင်းနိုင်ငံ တွင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးတော့မည့် နိုင်ငံခြားသား အလုပ် သမားများအား နေရင်းနိုင်ငံသို့ ပြန်မပို့မီ စပ်ကြား နောက်ထပ် တနှစ် ထပ်မံနေထိုင် အလုပ် လုပ်ကိုင်ခွင့်ပြုခဲ့သည်။
နိုင်ငံခြားသားအလုပ်သမားများ လက်မှတ်တောင်းခံပုံ အဆင့်ဆင့်
- အလုပ်ရှင်က လိုအပ်သည့်အလုပ်သမားအရေအတွက် (ကိုတာ) ကို တင်ပြရမည်။
- လိုအပ်သည့် လုပ်ငန်းနေရာများတွင် ထိုင်းအလုပ်သမားများကို အစားထိုးရန် (၇) ရက် လျှောက်လွှာခေါ်ပြီးမှ နိုင်ငံခြား သား အလုပ်သမားများကို ခွင့်ပြုရမည်။
- အလုပ်သမားလက်မှတ်အတွက် ဆေးစစ်ဆေးခြင်းနှင့် ဆရာဝန်၏ ကျန်းမာရေးအာမခံ ဆေးထောက်ခံစာကို သြဂုတ်လ ၁၅ ရက်နေ့ထက် နောက်မကျစေဘဲ ယူဆောင်လာနိုင် ရမည်။
- အလုပ်ရှာဖွေရေးနှင့် အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားများနှင့် သက်ဆိုင်သည့် ကိုယ်ရေးအချက် အလက် များကို လက်ခံရရှိသည့် ရက်ပေါင်း (၆၀) အတွင်း အလုပ်သမား လက်မှတ်ကို ထုတ်ပေးမည်ဖြစ်သည်။
အလုပ်နေရာပြောင်းရွေ့ခြင်းနှင့် ခရိုင်ပြောင်းရွေ့ခြင်း
နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် အလုပ်ရှင်သစ်၊ အလုပ်နေရာသစ် ပြောင်းရွှေ့လို လျှင် မိမိပြောင်းရွေ့မည့် အလုပ်ရှင်သည် နိုင်ငံခြားသားအလုပ်သမား ခေါ်ယူခွင့်ရှိပြီးသူ (ကိုတာ) သာ ဖြစ်ရမည်။ အလုပ်သမားလက်မှတ် ရှိထားပြီးသူသည် အလုပ်နေရာသစ်၊ အလုပ်ရှင်သစ်ပြောင်းရွေ့လိုပါက နိုင်ငံခြားသားအလုပ်သမားများအတွက် အလုပ် လုပ်ကိုင် ခွင့်ပြုထားသည် လုပ်ငန်းများတွင်သာ ပြောင်းရွှေ့ခွင့်ပြုမည်ဖြစ်သည်။ အောက်ပါအကြောင်း များ ဖြစ်လာပါက အလုပ်ရှင်သစ် (သို့မဟုတ်) အလုပ်နေရာသစ် ပြောင်းရွှေ့နိုင်သည်။

- အလုပ်သမားက အမှားတစုံတရာ ကျူးလွန်မှုမရှိဘဲ မတရား အလုပ်မှ ထုတ်ပစ်လိုက်ခြင်း၊ ရပ်စဲလိုက်ခြင်း၊
- ပြည်နယ်တခုအတွင်း၊ ခရိုင်တခုအတွင်း အလုပ်သမားအနေဖြင့် (၇) ရက်အတွင်း အလုပ် ရှင်သစ်ကို ရှာရမည်။
- အလုပ်ရှင်သစ်အနေဖြင့်လည်း ၎င်း၏အလုပ်သမားဖြစ်ကြောင်းကို တာဝန်ရှိသူထံသို့လာရောက် အကြောင်း ကြားရမည်။
- အလုပ်လုပ်ခွင့်ရမည့် သက်တမ်းမှာလည်း နဂိုမူလ ခွင့်ပြုထားသည့် သက်တမ်းအတိုင်း သာ ဖြစ်သည်။
အလုပ်ပြောင်းရွှေ့ရာတွင် လိုအပ်သည့်စာရွက်စာတမ်းများ
- မူရင်းအလုပ်သမားလက်မှတ်အဟောင်း။
- အလုပ်သမားလက်မှတ်အတွက် သက်တမ်းတိုးသည့် ပုံစံစာရွက် သောထော ၁၃။
- အလုပ်သမား၏ ကိုယ်ရေးအချက်အလက်များပါဝင်သည့် ပုံစံစာရွက် ထောလော ၃၈/၁။
- အလုပ်ရှင်၏ နိုင်ငံခြားသားအလုပ်သမား ငှားရမ်းခိုင်းစေနိုင်သည့် အရေအတွက် ထောက် ခံစာ (ကိုတာ)။
- လုပ်ငန်းနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ၊ ဥပမာ- ဆောက်လုပ်ရေးလုပ်ငန်းများ ဖြစ်ပါက အလုပ်ရှင်၏ လုပ်ငန်းနှင့် သက်ဆိုင်သည့် သဘောတူညီချက် စာရွက်စာတမ်းများ။
- ပြည်ထဲရေးဝန်ကြီးဌာန၏ နိုင်ငံခြားသား အလုပ်သမားအား ခရိုင်ကူးခွင့်နှင့် သက်ဆိုင် သည့် စာရွက်စာ တမ်းများ။
- အလုပ်ရှင်သစ်၏ အလုပ်ရုံတည်နေရာ လိပ်စာသစ်။
- ကိုယ်စားလှယ် လွှဲစာဖြင့်လာပါက တံဆိပ်ခေါင်း အတွက်ကုန်ကျစရိတ် (၁၀)ဘတ်။ (နိုင်ငံခြားသားအလုပ် သမား ကိုယ်တိုင် မလာနိုင်သည့် အခြေအနေဖြစ်ပါက)
ကုန်ကျစရိတ်
-အလုပ်နေရာ တိုး၍ပြောင်းရွှေ့ခွင့် ပြုသည့်အတွက် ကုန်ကျစရိတ် ဘတ်ငွေ ၁၅၀
- အလုပ်နေရာသစ်နှင့် အလုပ်ရုံနေရာကို တိုး၍ ခွင့်ပြုခြင်းအတွက် ဘတ်ငွေ ၁၅၀ ပြောင်း ရွှေ့ခွင့်ပြုရန် လျှောက်လွှာအတွက် ဘတ်ငွေ ၁၅၀ (ချင်းမိုင်တွင် ဘတ် ၁၀၀)
အလုပ်နေရာသစ်သို့ နာမည်စာရင်းဝင်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ အလုပ်မှ ထွက်ခြင်း
နိုင်ငံခြားသားအလုပ်သမားများကို ငှားရမ်းခိုင်းစေထားသော အလုပ်ရှင်၊ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြား သား အလုပ်သမားများက အခြားသော ခရိုင်၊ ပြည်နယ်များသို့ ထွက်၍ အ လုပ် လုပ်လိုလျှင်ဖြစ်စေ၊ အလုပ်မှ ရပ်စဲလိုလျှင်ဖြစ်စေ၊ အလုပ်ရှင်သစ်သို့ နာမည်စာရင်း သွင်းခြင်း (ကျင့်ခေါက်)၊ အလုပ်ရှင်သစ်သို့ ပြောင်းရွှေ့ (ကျင့်ရိုက်) လျှင် အလုပ်သမားကို လက်ခံကြောင်း၊ ပြောင်းရွှေ့ကြောင်း၊ အလုပ်မှ ထွက်ခွာသည့် အကြောင်းကို ၁၅ ရက်အတွင်း သတ်မှတ်ထားသည့် ပုံစံ စာရွက်တွင် ဖြည့်သွင်း၍ သက်ဆိုင်ရာ အလုပ်သမားရုံးသို့ အ ကြောင်းကြားရမည် ဖြစ်သည်။

လိုအပ်သည့်စာရွက်စာတမ်း အထောက်အထားများ
- အလုပ်ရှင်၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား
- သောထော ပုံစံ (၁၀)
- အလုပ်သမား၏ အလုပ်လုပ်ကိုင်ခွင့်ပြုသည့် လက်မှတ်
- လုပ်ငန်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများ
- ကိုယ်စားလှယ်လွှဲစာ (အလုပ်ရှင်ကိုယ်တိုင် မလာရောက်နိုင်ပါက)

အလုပ်ရှင်အသစ်၊ အလုပ်နေရာသစ် ပြောင်းရွှေ့ရာတွင် လုပ်ဆောင်ပုံအဆင့်ဆင့် (အလုပ်ရှင်သစ်ပြောင်းခြင်း)
အောက်ပါ အကြောင်းများဖြစ်ပေါ်လာလျှင် အလုပ်သမားသည် အလုပ်ရှင်အသစ်သို့ ပြောင်း ရွှေ့အလုပ်လုပ်ကိုင်နိုင်သည်။

- အလုပ်ရှင်ဟောင်း သေဆုံးသွားသည့်အခါတွင်ဖြစ်စေ၊
- အလုပ်ရှင်က လုပ်ငန်းကို ရပ်စဲလိုက်ခြင်း သို့မဟုတ် လုပ်ငန်းပြောင်း၍ လုပ်ကိုင်ခြင်း၊
- ညှဉ်းပမ်းနှိပ်စက် စေခိုင်းခြင်း၊ အတင်းအကြပ်စေခိုင်းခြင်း၊ ရိုက်နှက်ခြင်း၊ အဓမ္မပြုကျင့် ခြင်းနှင့် လုပ်အားခ မရှင်းပေးသည့် အဖြစ်မျိုးဖြစ်ပေါ်လာသည့် အခါတွင် အလုပ်ရှင် အသစ် ပြောင်းခွင့်ပြုသည်။

အလုပ်ရှင်အသစ်ပြောင်းသည့်အခါတွင် လိုအပ်သည့် စာရွက်စာတမ်းများ
- သောထော ပုံစံ ၁၃
- ထောလော ပုံစံ ၃၈/၁
- နိုင်ငံခြားသားအလုပ်သမားများကို ငှားရမ်းခွင့်ပြုသည့် ဦးရေ (ကိုတာ) စာရွက်စာတမ်း များ၊
- အလုပ်ရှင်၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား၊
- အလုပ်ရုံတည်ရှိသည့် လိပ်စာအပြည့်အစုံ၊
- ကိုယ်စားလှယ်လွှဲစာဖြင့်လာပါက တံဆိပ်ခေါင်းခ ၁၀ ဘတ် (အလုပ်သမားကိုယ်တိုင်မလာနိုင်ပါက)
ကုန်ကျမည့် ငွေပမာဏ
- လျှောက်လွှာအတွက် ဘတ်ငွေ ၁၀၀
- အလုပ်သမားလက်မှတ်အတွက် ကုန်ကျစရိတ်
သက်တမ်း ၁ နှစ်ထက် မကျော်လွန်ပါက ဘတ်ငွေ ၁,၈၀၀
သက်တမ်း ၆ လထက် မကျော်လွန်ပါက ဘတ်ငွေ ၉၀၀
သက်တမ်း ၃ လ ထက်မကျော်လွန်ပါက ဘတ်ငွေ ၄၅၀
လက်မှတ်ပျက်စီးသွား၍ လက်မှတ်အသစ်ပြုလုပ်ပေးရန် ပြန်လည်တောင်းခံပုံ
လက်မှတ်ပျက်စီးသွားသည့်အခါတွင်ဖြစ်စေ၊ ပျောက်ဆုံးသွားသည့်အခါတွင်ဖြစ်စေ၊ လက် မှတ်တွင်ရှိသည့် အရေးကြီးသည့် အချက်များ ဖတ်ရှုမရအောင် ပျက်စီးနေသည့် အခါများ တွင် လက်မှတ်အသစ်ကို ပြန်လည် တောင်းခံနိုင်သည်။
တောင်းခံရာတွင် အသုံးပြုရမည့် စာရွက်စာတမ်းများ

- သောထော ပုံစံ (၁၃)
- အလုပ်သမား၏ ကိုယ်ရေးအချက်အလက်များပါဝင်သော ထောလော ပုံစံ ၃၈/၁
- ပျောက်ဆုံးသည့်အကြောင်းကို တိုင်ကြားထားသော ရဲစခန်း၏ ထောက်ခံချက်
- အလုပ်သမား၏ ကိုယ်စားလှယ်လွှဲစာ တံဆိပ်ခေါင်းဖိုး ၁၀ ဘတ် (အလုပ်သမားကိုယ်တိုင်မလာနိုင်သည့် အခါများတွင်)

လက်မှတ်ပြန်လည်တောင်းခံသည့်အခါတွင် ကုန်ကျမည့်ငွေပမာဏ
- လျှောက်လွှာအတွက် ကုန်ကျငွေ ၁၀၀ ဘတ်
- လက်မှတ်အတွက် ကုန်ကျငွေ ၁၅၀ ဘတ်
အလုပ်သမားလက်မှတ်ရုပ်သိမ်းနိုင်သည့် အခြေအနေများ
၁- တားမြစ်ထားသည့် ရောဂါရှိသူ။
၂- တရားရုံးက ထောင်ဒဏ်ကျခံရန်အတွက် အမိန့်ချထားပြီးသူ သို့မဟုတ် ပြစ်မှုမကြီးမား သူများမှလွဲ၍။
၃- သတ်မှတ်ထားသည့် ရက်အတွင်း တာဝန်ရှိသူထံ သွားရောက်အကြောင်းကြားခြင်း မရှိသူ။
၎- အလုပ်သမားဝန်ကြီးဌာန၏ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကို ပြန်လည်ရုပ်သိမ်းရန် ညွှန် ကြားချက် ရှိထားသူ။
၅- အခြားခရိုင်တခု၊ ပြည်နယ်တခုကို ခွင့်ပြုချက်မရှိဘဲ သွားရောက်သူ။
၆- လူအများအတွက် အန္တရာယ်ဖြစ်စေနိုင်သူ၊ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်စေနိုင်သူ၊ ပြစ်မှုကျူးလွန်ရန်လုပ်ဆောင်နေသူ၊ တိုင်းပြည်လုံခြုံရေးကို ထိခိုက်စေနိုင်သူ။ တိုင်းပြည် လုံခြုံရေးအတွက် စောင့်ကြည့်ပေးနေသည့် အဖွဲ့များ၏ အစီရင်ခံချက်အရ ပြည်ထဲရေး ၀န် ကြီးဌာနလက်အောက်ခံ ဌာနများကလည်း ယင်းအဆိုပြုချက်ကို သဘောတူညီသူ။
ပစ်မှုကျူးလွန်လျှင် ကျခံရမည့် ပြစ်ဒဏ်နှင့် အခြားသော ဥပဒေတွင်ပြဌာန်းထား ချက်များ
အောက်တွင်ဖေါ်ပြထားသော ပြစ်မှုများကို ကျူးလွန်သူ နိုင်ငံခြားသားအလုပ်သမားနှင့် အလုပ်ရှင်တို့သည် ငွေဒဏ်နှင့် ထောင်ဒဏ်တို့ကို ပူးတွဲ ကျခံရမည်

၁- အလုပ်လုပ်ခွင့်မပြုသော နိုင်ငံခြားသားအလုပ်သမားများကို လက်ခံထားသူ အလုပ်ရှင် သည် (ဥပဒေ အပိုဒ်-၃၉) အရ ထောင်ဒဏ် ၃ နှစ် နှင့် ငွေဒဏ် ၆၀,၀၀၀ သို့မဟုတ် ပြစ် ဒဏ် နှစ်ခုစလုံးကို ပူးတွဲ ကျခံရမည်။
၂- နိုင်ငံခြားသားအလုပ်သမားအတွက် အလုပ်သမားလက်မှတ်တွင် သတ်မှတ်ထားသည့် အလုပ်နေရာတွင် မလုပ်ဘဲ အခြားအလုပ်များတွင် သွားရောက်လုပ်ကိုင်နေသည်ကို တွေ့ရှိ ပါက (ဥပဒေ အပိုဒ်.၃၉) အရ ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ် ၆၀,၀၀၀ သို့မဟုတ် ပြစ်ဒဏ် နှစ်ခုစလုံးကို ပူးတွဲ ကျခံရမည်။
၃- အလုပ်ရှင်သည် နိုင်ငံခြားသားအလုပ်သမား လက်မှတ်ရှိသူ လူသစ်ကို လက်ခံထားလျှင် ဖြစ်စေ၊ အခြားသော နေရာတခုသို့ သွားရောက်အလုပ်လုပ်နေသည်ကို အကြောင်း မကြား လျှင် ဖြစ်စေ (သို့မဟုတ်) အလုပ်သမား အလုပ်မှ ထွက်သွားကြောင်းကို ၁၅ ရက်အတွင်း အကြောင်းမကြားလျှင်ဖြစ်စေ၊ ဥပဒေ အပိုဒ်. ၄၀ အရ ထောင်ဒဏ် (၁) နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၂,၀၀၀ နှင့် ပြစ်ဒဏ် နှစ်ခုစလုံးကို ပူးတွဲကျခံစေရမည်။
၎- နိုင်ငံခြားသားအလုပ်သမားသည် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်နေသည်ကို တွေ့ရှိပါက၊ ဥပဒေ အပိုဒ်. ၇ အရ (၃)နှစ်ထက် မကျော်သော ပြစ်ဒဏ်နှင့် ငွေဒဏ် ဘတ် ၅,၀၀၀ ပြစ် ဒဏ်နှစ်ခုစလုံးကို ပူးတွဲ ကျခံစေရ မည်။
၅- နိုင်ငံခြားသားအလုပ်သမားသည် လက်မှတ်တွင် သတ်မှတ်ထားသည့် အလုပ်တွင် အ လုပ် မလုပ်ကိုင်ဘဲ အခြားသော လုပ်ငန်းများ၊ အလုပ်ရုံများ၊ ခရိုင်များတွင် သွားရောက်လုပ် ကိုင်နေသည်ကို တွေ့ရှိပါက ထောင်ဒဏ် ၁ လ၊ ငွေဒဏ် ဘတ် ၂,၀၀၀ နှင့် ပြစ်ဒဏ် နှစ်ခု လုံးကို ပူးတွဲကျခံစေရမည်။
၆- အလုပ်လုပ်နေစဉ်တွင် လက်မှတ်ကို မယူဆောင်လာပါက ဘတ် ၁,၀၀၀ ထက်မကျော် လွန်စေဘဲ ဒဏ်ရိုက်နိုင်သည်။
၇- နိုင်ငံခြားသားအလုပ်သမားကို ငှားရမ်းထားသော အလုပ်ရှင်/ နေထိုင်ရန် အဆောက်အ ဦး ပေးထားသူအား ထောင်ဒဏ် ၅ နှစ်နှင့် ဒဏ်ငွေ ဘတ် ၅၀,၀၀၀ ပြစ်ဒဏ်ပေးနိုင်သည်။
၈- နိုင်ငံခြားသားအလုပ်သမားကို ထိုင်းနိုင်ငံတွင်း ခေါ်ဆောင်လာသူအား ထောင်ဒဏ် ၁၀ နှစ် နှင့် ငွေဒဏ် ၁၀၀,၀၀၀ ဒဏ်ရိုက်နိုင်သည်။
၉- ထိုင်းနိုင်ငံတွင်းသို့ တရားမ၀င် ခိုးဝင်လာသူ နိုင်ငံခြားသား အလုပ်သမားသည် ထောင် ဒဏ် ၂ နှစ်၊ ငွေဒဏ် ဘတ် ၂၀,၀၀၀ သို့မဟုတ် ပြစ်ဒဏ် နှစ်ခုလုံးကို ပူးတွဲကျခံစေရမည်။
နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် အခြားခရိုင်များသို့ ထွက်ခွင့်ရှိ / မရှိ
လိုအပ်ပါက ထွက်ခွင့်ရှိပါသည်။

၁- ဥပဒေကြောင်းအရ လိုအပ်ချက်…
တရားရုံးတွင် သက်သေအဖြစ် ထွက်ဆိုရန် စုံစမ်းစစ်ဆေးရေးဌာန၏ စာဖြင့် ခေါ်ယူခြင်းခံရသူ။

၂- အစိုးရဌာန၏ တရားဝင်စာဖြင့်ခေါ်ထားသူ
အလုပ်သမားဝန်ကြီးဌာန သို့မဟုတ် ဆေးကုသရန်အတွက် အခြားခရိုင်သို့ သွားရန် လိုအပ်သူ။

၃-အခြားသောခရိုင်တခုသို့ရွှေ့ပြောင်းခွင့်အတွက်အလုပ်သမားဝန်ကြီးဌာန၏ခွင့်ပြုချက်ရထားပြီးသူ။
နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် အခြားသော ခရိုင်၊ ပြည်နယ်တခုသို့ ထွက်ခွာလိုလျှင် မည်သို့ လုပ်ဆောင်ရမည်နည်း။

၁- အထက်တွင် သတ်မှတ်ထားသည့် အချက် ၁ မှ ၃ အတွင်း သတ်မှတ်ထားသူများကိုသာ ခွင့်ပြု မည်ဖြစ်သည်။
၂- အခြားသော ခရိုင်သို့ထွက်ခွင့်အတွက် မိမိတို့နှင့် သက်ဆိုင်သည့် မြို့တော်ဝန်ရုံး၊ ပြည်ထဲရေး ၀န် ကြီးဌာနလက်အောက်ခံရုံး သို့မဟုတ် ထိုဌာနများ၏ ကိုယ်စားအလုပ်လုပ်ကိုင်ပေးနေသော ရုံးများ တွင် သွားရောက်၍ တောင်းခံနိုင်သည်။
နိုင်ငံခြားသားအလုပ်သမားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ ဥပဒေတွင် သတ်မှတ်ပြဌာန်း ထားချက်
အလုပ်သမား အကာအကွယ်ပေးရေးဥပဒေ၊ အလုပ်သမားဥပဒေ၊ ပညာရေးဆိုင်ရာအတွက် ပြဌာန်းထားသော ဥပဒေ၊ လျော်ကြေးငွေနှင့် ပတ်သက်၍ ပြဌာန်းထားသော ဥပဒေ၊ လူမှု ဖူလုံရေးဥပဒေတို့တွင် နိုင်ငံခြားသားအလုပ်သမားတို့၏ အခွင့်အရေးနှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြဌာန်းထားသည်။

၁၉၉၈ ခုနှစ်တွင် ပြဌာန်းထားသော အလုပ်သမား အကာအကွယ်ပေးရေး ဥပဒေတွင်
အလုပ်သမားအခွင့်အရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဖေါ်ပြထားသည်။

အပိုဒ် (၅) အလုပ်ရှင်ဆိုသည်မှာ အလုပ်သမားကို လက်ခံ၍ အလုပ်ပေးထားပြီး လုပ်အားခ ရှင်းပေးသူကို ဆိုလိုသည်။ ထို့ပြင် အလုပ်ရှင်၏ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သူ လူတ ဦးတယောက်သည်လည်းကောင်း၊ အလုပ်အား ပုဒ်ပြတ်ယူလုပ်သည့် ပုဒ်ပြတ်အလုပ်ရှင် သည်လည်းကောင်း အလုပ်ရှင်စာရင်းတွင် အကျုံးဝင်သည်။
အလုပ်သမားဆိုသည်မှာ အလုပ်ရှင်ထံတွင် အခကြေးငွေယူ၍ အလုပ် လုပ်သူကို ဆိုလို သည်။
အလုပ်သဘောတူချက် အလုပ်ရှင်နှင့် အလုပ်သမားကြားတွင် အခကြေးငွေ မည်ရွေ့မည် မျှဖြင့် လုပ်မည်ကို သဘောတူညီ၍၊ စာရွက်စာတမ်းဖြင့်ဖြစ်စေ၊ စကားဖြင့်ဖြစ်စေ၊ နှစ်ဦးနှစ်ဘက် သဘောတူညီထားချက်ကို ဆိုလိုသည်။
အလုပ်လုပ်သည့်ရက် ဆိုသည်မှာ အလုပ်သမားအတွက် သတ်မှတ်ထားသော အလုပ် လုပ်ရမည့်ရက်များကို ဆိုလိုသည်။
လုပ်အားခ ဆိုသည်မှာ အလုပ်ရှင်က အလုပ်သမားအား နာရီဖြင့်ဖြစ်စေ၊ နေ့စဉ်ဖြစ်စေ၊ အပတ်စဉ်ဖြစ်စေ၊ လစဉ်ဖြစ်စေ သို့မဟုတ် အချိန်ကာလတခုအတွင်း အလုပ်သမား၏ အလုပ် လုပ်နိုင်သည့် အတိုင်းအတာပေါ်မူ တည်၍ ရှင်းပေးသည့် အခကြေးငွေကို ဆိုလိုခြင်း ဖြစ်သည်။
အလုပ်ပိတ်ရက် ဆိုသည်မှာ အပတ်စဉ်၊ ရိုးရာဓလေ့အရ အခါကြီး ရက်ကြီးများနှင့် နှစ်စဉ် အလုပ်နားရက် အတွက် သတ်မှတ်ထားသည့် ရက်များကို ဆိုလိုသည်။
အချိန်ပို အတွက်ပေးရသည့် လုပ်အားခ ဆိုသည်မှာ အလုပ်ချိန်၏ ပြင်ပအချိန်တွင် အလုပ် သမား၏ အချိန်ပို လုပ်ဆောင်ထားသည့် လုပ်အားခကို အလုပ်ရှင်က ပေးရခြင်း ဖြစ်သည်။
လျော်ကြေးငွေ ဆိုသည်မှာ အလုပ်ရှင်မှ အလုပ်သမားအား အလုပ်မှ ရပ်စဲလိုက်သည့်အခါ တွင်ဖြစ်စေ၊ အခြား သော ပြဿနာများ ပေါ်ပေါက်လာသည့် အခါများတွင် ပေးရသည့် အခ ကြေးငွေကို ဆိုလိုသည်။

အပိုဒ် (၁၀) ငွေနှင့်သက်ဆိုင်သည့် အလုပ်များတွင် အလုပ်လုပ်နေသူ သို့မဟုတ် ပျက်စီး ဆုံးရှုံးလွယ်သော ပစ္စည်းများတွင် အလုပ်လုပ်နေသူများထံမှ အလုပ်ရှင်များအနေဖြင့် ကြိုတင်ငွေကောက်ခံနိုင်ပြီး အခြားသော လုပ်ငန်းများတွင်မူ အလုပ်ရရှိရေးအတွက် အာမခံငွေ နှင့် ပျက်စီးဆုံးရှုံးမှုအတွက် ကြိုတင်ငွေကောက်ခံခြင်း ပြု ၍မရပါ။
အပိုဒ် (၂၄) အလုပ်သားစိတ်ဆန္ဒသဘော မပါဘဲ အလုပ်ရှင်သည် အလုပ်သမားအား အတင်းအကြပ် အချိန်ပို အလုပ် စေခိုင်း၍ မရပါ။
အပိုဒ် (၂၈) အလုပ်ရှင်သည် အပတ်စဉ် (သို့မဟုတ်) အလုပ်လုပ်သည့် ရက် ၆ ရှိတိုင်း အ လုပ်သမားအား (၁) ရက် နားခွင့်ပေးရမည်။
အပိုဒ် (၃၀) လုပ်သက် (၁) နှစ်ရှိ အလုပ်သမားတဦးသည် နှစ်စဉ် နားရက်အဖြစ် အလုပ် လုပ်သည့် ရက်တွင်းမှ (၆) ရက် နားခွင့်ရှိသည်။
အပိုဒ် (၃၂) ဖျားနာနေပါကလည်း အလုပ်သမားအနေဖြင့် ဆရာဝန်၏ ထောက်ခံချက်ဖြင့် (၃) ရက်ထက်ကျော်လွန်၍ အနားယူခွင့် ရှိသည်။
အပိုဒ် (၃၈) အမျိုးသမီးအလုပ်သမားများအား သတ္တုမိုင်း၊ မြေအောက်၊ ရေအောက်၊ တောင် တွင်း ၀င်ရောက်၍ လုပ်ကိုင်ရသည့် အလုပ်များ၊ ဥမင်လိုက်ခေါင်းများ၊ မီးတောင်များ၊ မြေပြင်အထက် ၁၀ ကိုက် ထက်မြင့်သော အ လုပ်များ၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ထုတ်လုပ်သည့်နေရာများ၊ ယင်းပစ္စည်းများကို ပို့ဆောင်သည့် လုပ်ငန်းများ၊ မီးလောင်စေ တတ်သည့် နေရာများတွင် အလုပ်စေခိုင်းခြင်းကို တားမြစ်သည်။
အပိုဒ် (၃၉) ကိုယ်ဝန်ဆောင်ထားသော အမျိုးသမီးအလုပ်သမားအား ည ၁၀.၀၀ နာရီမှ နံနက် ၀၆.၀၀ အတွင်း အလုပ်စေခိုင်းခြင်းကို တားမြစ်သည်။ စက်သံဆူညံနေသည့် နေရာ များ၊ ပစ္စည်းများကို သယ်ပိုးရသည့် လုပ်ငန်းများ၊ အလေးအပင်များကို မရသည့်လုပ်ငန်း များ၊ အလေးအပင်များကို ဆွဲရသည့် လုပ်ငန်းများ သို့မဟုတ် ၁၅ ကီလိုထက် လေးသော ပစ္စည်းများကို တွန်းရသော လုပ်ငန်းများတွင် အလုပ်လုပ်ခြင်းကို တားမြစ်သည်။
အပိုဒ် (၄၁) ကိုယ်ဝန်ဆောင်ထားသော အမျိုးသမီးသည် ရက် (၉၀) ထက် မနည်းပဲ သား သမီးမွေးဖွားရန် အ တွက် အလုပ်မှ အနားယူခွင့်ရှိသည်။
အပိုဒ် (၄၄) အသက် ၁၅ နှစ်အောက်ရှိသော ကလေးကို အလုပ်မခိုင်းစေရပါ။
အပိုဒ် (၄၅) အသက် (၁၈) နှစ်အောက် ကလေးအား အလုပ်စေခိုင်းသူကို တွေ့ရှိပါက အလုပ်သမား စစ်ဆေး ရေး အရှိထံတွင် တိုင်ကြားနိုင်သည်။
အပိုဒ် (၄၉) အရည်ကျိုသည့်လုပ်ငန်းများ၊ မီးပူတိုက်သည့်လုပ်ငန်းများ၊ နန်းစွဲသည့်လုပ် ငန်းများ၊ အပူနှင့် အလုပ်လုပ်သည့် အလုပ်များ၊အအေးတိုက်များ၊ ကြောက်လန့််သွားစေမည့် လုပ်ငန်းများ၊ ဓါတုပစ္စည်းနှင့် ပတ်သက်သည့်အလုပ်များ၊ အဆိပ်ပစ္စည်းများ၊ ပေါက်ကွဲစေ တတ်သည့် ပစ္စည်းများ၊ မီးလောင်လွယ်သည့်ပစ္စည်းများ၊ အလေးအပင် မသည့် ကရိန်များ၊ ၀န်ချီစက်များ၊ ရေအောက် ဥမင်လိုက်ခေါင် များ၊ မီးတောင်၊ ရေဒီယိုသတ္တိကြွမှုကို ဖြစ်စေနိုင် သည့် လုပ်ငန်းခွင်များတွင် အသက် (၁၈) နှစ် အောက် ကလေးများ အလုပ်ငှားရမ်း ခိုင်းစေ ခြင်းကို တားမြစ်သည်။
အပိုဒ် (၅၀) အသက် (၁၈) နှစ်အောက် ကလေးအလုပ်သမားများအား သားသတ်သည့် အ လုပ်ခွင်များ၊ လောင်းကစားဝိုင်းများ၊ ကပွဲရုံများ၊ အက၀ိုင်းများ၊ အဖျော်ယမကာဆိုင်များ၊ ထိုင်းနိုင်ငံတောင်ပိုင်း မူဆလင် ဘာသာဝင် ကလေးငယ်များ ကလေ့ရှိသည့် အကများတွင် ငှားရမ်းအသုံးပြုခြင်း၊ စေခိုင်းခြင်းကို တားမြစ် သည်။
အပိုဒ် (၅၄) လုပ်အားခ၊ အချိန်ပိုခ ငွေရှင်းရာတွင် ထိုင်းဘတ်ငွေဖြင့်သာ ရှင်းပေးရမည်။
အပိုဒ် (၅၅) လုပ်အားခငွေ ရှင်းရာတွင် အလုပ်လုပ်နေသည့် အလုပ်ရုံ နေရာတွင်သာ ရှင်း ပေးရမည်။
အပိုဒ် (၆၁) အချိန်ပိုကြေးငွေ ပေးရာတွင် သာမန်လုပ်ရက်တွင် တနာရီရသည့်ငွေ၏ တဆခွဲ ခန့်ကို ပေးရမည်ဖြစ်သည်။
အလုပ်ရှင်မှ အလုပ်သမားအား လျှော်ကြေးပေးဆောင်ရမည့် အခြေအနေ
အပိုဒ် (၁၁၈) လုပ်ငန်းအရှုံးပေါ်၍ ပိတ်ပစ်လိုက်ရသည့်အခါတွင်ဖြစ်စေ အလုပ်သမားတွင် အပြစ်မရှိဘဲ အလုပ် မှ ထုတ်ပစ်လိုက်သည့် အခါတွင်ဖြစ်စေ အလုပ်ရှင်သည် အလုပ်သမား အား လျှော်ကြေးပေးဆောင်ရမည်။

၁- လုပ်ရက် ၁၂၀ ပြည့်ပြီး၊ လုပ်သက် (၁) နှစ်မပြည့်သေးသူအား အနဲဆုံး ရက် (၃၀) စာ လုပ်အားခကို လျှော် ကြေး အဖြစ် ပေးရမည်။
၂- လုပ်သက် (၁) နှစ် ရှိပြီးလုပ်သက် (၃) နှစ်မပြည့်သေးသူအား ရက် (၉၀) စာလုပ်အားခ ကို လျှော်ကြေးပေး ရမည်။
၃- လုပ်သက် (၃) နှစ်ရှိပြီး လုပ်သက် (၆) နှစ်မပြည့်သေးသူအား ရက်ပေါင်း (၁၈၀) စာ လုပ်အားခကို လျှော် ကြေး အဖြစ်ပေးရမည်။
၎- လုပ်သက် (၆) နှစ်ရှိပြီး လုပ်သက် (၁၀) နှစ် မပြည့်သေးသူအား ရက်ပေါင်း (၂၄၀) စာ လုပ်အားခကို လျှော် ကြေး အဖြစ် ပေးရမည်။
၅- လုပ်သက် (၁၀) နှစ်အထက်ရှိပြီးသူကို ရက်ပေါင်း ၃၀၀ ထက်မနည်းသော လုပ်အားခကို လျှော်ကြေး အ ဖြစ်ပေးရမည်။
အောက်တွင် ပြဌာန်းထားသည့်အချက်များနှင့် ကိုက်ညီနေလျှင် အလုပ်ရှင်က အလုပ်သမားအား လျှော်ကြေး မပေးဆောင်နိုင်ပါ
၁- တာဝန်ပျက်ကွက်မှု၊ အလုပ်ရှင်အပေါ်တွင် စနစ်တကျ ပြစ်မှု ကျူးလွန်ရန် ကြံစည်မှု။
၂- အလုပ်ရှင်ပေါ်တွင် ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်သူ။
၃- တာဝန်ပေါ့ဆသဖြင့် အလုပ်ရှင်၏ စီးပွားဥစ္စာများ ထိခိုက်နစ်နာသွားသည့်အခါတွင် ဖြစ် စေ။
၎- အလုပ်ရှင်၏ သတ်မှတ်ထားသော စည်းကမ်းကို ဖောက်ဖျက်သူ၊ အမိန့်မနာခံသူ၊ အလုပ်ရှင်က သတ်မှတ် ထားသော စည်းမျဉ်းစည်းကမ်းသည် တရားဥပဒေတွင် ပြဌာန်း ထားသည့် ဥပဒေစည်းမျဉ်းများနှင့် ကိုက်ညီ နေလျှင်။
၅- အရေးပေါ် အကြောင်းကိစ္စမရှိဘဲ (၃) ရက်ဆက်တိုက် ပေးထားသည့် တာဝန်ကို မထမ်း ဆောင်ဘဲ ပျက် ကွက်လျှင် ဖြစ်စေ။
၆- ထိုသို့ ဖြစ်ပေါ်လာပါက တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်ကို ခံယူရမည်ဖြစ်သည်။
အလုပ်သမားဥပဒေ နှင့်ပညာသင်ကြားနိုင်ခွင့်ဆိုင်ရာ ဥပဒေပြဌာန်းချက်
အလုပ်သမားဥပဒေ
၁- လုပ်ငန်းနှင့်ပတ်သက်၍ နှစ်ဦးသဘောတူညီချက် ဆိုသည်မှာ အလုပ်သမားနှင့် အလုပ် ရှင်ကြား၊ အလုပ်ရှင် များ အသင်းနှင့် အလုပ်သမားသမဂ္ဂများကြား သဘောတူညီချက်ကို ဆိုလိုသည်။
၂- အလုပ်ရှင်နှင့် အလုပ်သမားကြား အငြင်းပွားချက်ဆိုသည်မှာ အလုပ်ရှင်နှင့် အလုပ်သ မားကြား သို့မဟုတ် အလုပ်ရှင်များအသင်းနှင့် အလုပ်သမားသမဂ္ဂများကြားတွင် အလုပ်ခွင် ၏ အခြေအနေများနှင့်ပတ်သက်၍ အငြင်းပွားနေသည့် အချက်ကို ဆိုလိုခြင်းဖြစ်သည်။
၃- အလုပ်ရုံပိတ်ခြင်းဆိုသည်မှာ အလုပ်ရှင်က ယာယီအလုပ်သမားများအား ငှားရမ်းရေးနှင့် ပတ်သက်၍ နှစ်ဦး နှစ် ဘက် တောင်းဆိုသည့် အချက်များကို ဆွေးနွေးပြီး သဘောတူညီမှု မရသဖြင့် အလုပ်ရုံ ပိတ်လိုက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။
၎- အလုပ်သမားသမဂ္ဂဆိုသည်မှာ အလုပ်သမားများအတွက် ဖွဲ့စည်းထားသော အဖွဲ့ကို ဆို လိုသည်။
၅- အလုပ်ရှင်များအသင်းဆိုသည်မှာ ကုန်သည်ကြီးများအသင်း နှစ်သင်းအထက် ပါဝင် ဖွဲ့စည်း ထားသော အ သင်းကို ဆိုလိုခြင်းဖြစ်သည်။
၆- အလုပ်သမားသမဂ္ဂဆိုသည်မှာ အလုပ်သမားအသင်း သို့မဟုတ် အလုပ်သမားအဖွဲ့ နှစ်ဖွဲ့ အထက်ဖြင့် ဖွဲ့ စည်းထားသော အဖွဲ့ကို ဆိုလိုသည်။
ပညာရေးအတွက် ပြဌာန်းထားသော ဥပဒေ
လူတိုင်းသည် အခြေခံပညာကို အများနည်းတူ သင်ကြားနိုင်ခွင့်ရှိသည်ဟု ၂၀၀၇ ခုနှစ်တွင် ရေးဆွဲထားသော ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖေါ်ပြထားသည်။ အစိုးရအနေ ဖြင့်လည်း အနာဂတ် ကလေး ငယ် တို့၏ ဘ၀တိုးတက်ရေး အတွက် ပညာသင်ကြားရေးနှင့် သင်တန်းပေးခြင်းကို လုပ်ဆောင် ပေးရမည် ဖြစ်သည်။

မတ်လ ၁၆ ရက် ၁၉၉၉ ခုနှစ်တွင် အစိုးရအဖွဲ့ဝန်ကြီးများအစည်းအဝေးကလည်း ပုဂ္ဂလိက ပိုင်ကျောင်းများနှင့် ပညာရေးအတွက် လုပ်ကိုင်သော အဖွဲ့အစည်းများ ပေါ်ထွန်းလာရေးကို အားပေးသည်။

ကလေးငယ်များ အခြေခံပညာကို တန်းတူညီမျှစွာ သင်ကြားနိုင်ရေးအတွက် နိုင်ငံတကာတွင် ကျင့်သုံး နေသော ဥပဒေစဉ်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာကျင့်သုံးမည်ဟု အစိုးရက သဘောတူညီ ထားသည်။
နစ်နာကြေးခံစားပိုင်ခွင့်နှင့်ပတ်သက်၍ ဥပဒေတွင် ပြဌာန်းထားချက်
၁၉၉၄ ခုတွင်ပြဌာန်းထားသော နစ်နာကြေးဥပဒေ
အလုပ်သမားတဦးသည် အလုပ်လုပ်ကိုင်နေစဉ် ထိခိုက်ဒဏ်ရာရလျှင်ဖြစ်စေ၊ ဖျားနာ လျှင်ဖြစ်စေ၊ သေဆုံး သွားလျှင်ဖြစ်စေ၊ ပျောက်ဆုံးသွားလျှင်ဖြစ်စေ၊ အလုပ်လုပ်နေစဉ် အတွင်း ထိခိုက်ခြင်းဖြစ်သည့် အတွက် လိုအပ်သည့် အကူအညီများကို ပေးဆောင်ရန် အလုပ် ရှင်တွင်တာဝန်ရှိသည်။
နစ်နာကြေးအတွက် စုဆောင်းထားသည့် ငွေစုဘဏ်
အလုပ်ရှင်သည် အလုပ်သမားများနစ်နာကြေးအတွက် ပေးဆောင်ရန် ငွေကို ငွေစုဘဏ် တွင် စုဆောင်းထားရ မည်ဟု တရားဥပဒေတွင် ပြဌာန်းထားသည်။ စုဆောင်းထားသည့် ငွေဖြင့် အလုပ်သမားများကို အကူအညီပေး ရမည်။
အောက်ပါအခြေအနေများဖြစ်မှသာ အလုပ်သမားသည် နစ်နာကြေး ရပိုင်ခွင့်ရှိသည်။

ခန္ဓာကိုယ်တွင် ဘေးဥပဒ်ဖြစ်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်း၊ စက်ပစ္စည်းများဖြင့် အလုပ်လုပ်ကိုင်နေစဉ် တွင် ခန္ဓာကိုယ်နှင့် စိတ်ကို ထိခိုက်ဒဏ်ရာရခြင်း၊ ဖောက်ခွဲရေးပစ္စည်း များကို အသုံးပြု၍ အလုပ်သမားကို ကြောက်ရွံ့စေခြင်း စသည့် အခြေအနေများဖြစ်လာပါက နစ်နာကြေးရပိုင်ခွင့် ရှိသည်။
သေဆုံးခြင်း သို့မဟုတ် အနာတရဖြစ်ခြင်း
ဖျားနာခြင်း စက်ချုပ်သည့်လုပ်ငန်းများတွင် အလုပ်လုပ်သည့်အတွက် အသက်ရှုမရသည့် ရောဂါများကို ခံစားရပါက။
ပျောက်ဆုံးခြင်း အလုပ်သမားသည် ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေစဉ် မုန်တိုင်းမိ၍ ပျောက်ဆုံးသွားပါက။
အန္တရာယ်ဖြစ်စေခြင်း၊ ဖျားနာခြင်း၊ ပျောက်ဆုံးခြင်း စသည့်အခြေအနေများသည် အောက်ပါ အကြောင်းရင်းများ ကြောင့် ဖြစ်လျှင်

၁- အလုပ်ရှင်အတွက် အလုပ်လုပ်ပေးနေစဉ်
၂- အလုပ်ရှင်၏ အကျိုးစီးပွားအတွက် အလုပ်လုပ်ပေးနေစဉ်၊ အလုပ်ရှင်ကို အန္တရာယ်မှ အ ကာအကွယ်ပေးနေ စဉ်။
၃- မိမိ၏ တာဝန်မဟုတ်သော်လည်း အလုပ်ရှင်၏စေခိုင်းချက်အရဖြစ်နေသည့် အခြေအနေ များတွင်လည်း ကောင်း။

မည်သည့်အတွက် နစ်နာကြေးရမည်နည်း
၁။ ဆေးကုသစရိတ်အတွက် ၈၅,၀၀၀ ထက်မကျော်သောငွေ (အပိုဒ် -၁၃)
၂။ လုပ်ငန်းခွင်အတွင်းပြန်လည် ၀င်ရောက် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် အနားယူခြင်း အတွက် ၄၀,၀၀၀ ထက်မကျော်သော ငွေ (အပိုဒ် -၁၅)
၃။ အလောင်းအတွက် ကုန်ကျစရိတ် နေ့စားခ၏ အဆ ၁၀၀ (အပိုဒ် -၁၆)
၎။ အလုပ်မှ အနားယူရသည့်အတွက် ပေးရမည့် နစ်နာကြေး လုပ်အားခ၏ ၆၀%ကို အချိန် ကာလ ၁ နှစ် ထက် မကျော်စေဘဲ ပေးဆောင်ရမည်။ (အပိုဒ်-၁၈(၁))
၅။ ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းများ ပျက်စီးပါက လုပ်အားခ၏ ၆၀%ကို နစ်နာကြေးအဖြစ် အ ချိန်ကာလ အတိုင်းအတာ တခုအထိ ပေးဆောင်ရမည်။ ယင်းသို့လျှော်ကြေးပေးရာတွင် ဆုံး ရှုံးသွားသည့် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများ ပေါ်တွင်လည်း မူတည်သည်။ ဥပမာ လက်တ ဘက်ပြတ်သွားပါက ၁၀ နှစ်အထိ နစ်နာကြေး ပေးရမည်။ အပိုဒ် ၁၈ (၂)
၆။ အလုပ်လုပ်ကိုင်နိုင်သည့် အခြေအနေမရှိတော့ပါက အခြေအနေပေါ် မူတည်၍ လုပ်အား ခ၏ ၆၀%ကို လူနာအနေဖြင့် ရောဂါခံစားနေရသည့် အခြေအနေကိုကြည့်၍ အချိန်အတိုင်း အတာ တခုအထိ ခံစားခွင့်ပေးရ မည်။ သို့သော် ၁၅ နှစ်အထက် မကျော်လွန်စေရပါ။ အပိုဒ် -၁၈ (၃)
၇။ အိမ်ထောင်ဦးစီးမရှိသည့်အတွက် အကူညီငွေကို ကျန်ရစ်သည့် မိသားစုကို ပေးအပ်ရ မည်။ မိသားစုဝင်များ သေဆုံးသည့်အခါ သို့မဟုတ်ပျောက်ဆုံးသည့်အခါများတွင် လုပ်အား ခ၏ ၆၀% ကို ကျန်ရစ်သူ မိသားစုအား (၈) နှစ်ကြာပေးရမည်။ အပိုဒ် ၁၈ (၄)
၈။ လုပ်အားခနှင့် နစ်နာကြေးအတွက် ငွေကို တောင်းဆိုရာတွင် ယ္ခုအချိန်တွင် တလလျှင် အနဲဆုံး ဘတ် ၂,၀၀၀ နှင့် ဘတ် ၉,၀၀၀ အထက်ကို ကျော်လွန်၍ မတောင်းဆိုနိုင်ပါ။
၉။ အလုပ်သမား၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျက်စီးပါက (အပိုဒ်ခွဲ ၄.၅)၊ မသန်မစွမ်း ဖြစ်သွားခြင်း (အပိုဒ်ခွဲ ၄.၆) အရ သေဆုံးသွားပါက အလုပ်သမား၏ မိသားစုများအနေဖြင့် နစ်နာကြေးအား သတ်မှတ်ထားသည့် အ ချိန်အထိ ခံစားပိုင်ခွင့် ရှိသည်။ သို့သော် (၈) ထက် မကျော်လွန်စေရပါ။ (အပိုဒ် ၁၉)
၁၀။ အလုပ်သမားနှင့် မိသားစုအားပေးသည့် လျှော်ကြေးငွေကို မည်သည့်အကြောင်း ကြောင်းမျှ ဖြတ် တောက်၍ မရပါ။ (အပိုဒ် ၂၁)
နစ်နာကြေးခံစားပိုင်ခွင့်

နိုင်ငံခြားသားအလုပ်သမားသည် နစ်နာကြေးအတွက် စုဆောင်းထားသည့်ငွေမှ ခံစားပိုင် ခွင့်ရှိသည်။
နိုင်ငံခြားသားအလုပ်သမားသည် အလုပ်သမားလက်မှတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ယင်းအလုပ်သမား သေဆုံးသွားသည့် အခါတွင်ဖြစ်စေ၊ပျောက်ဆုံးသွားသည့်အခါတွင် ဖြစ် စေ၊ သားသမီးပျောက်ဆုံး သွားသည့်အခါ (အသက် ၁၈ နှစ်ထက်မကျော်) ဇနီး၊ ဖခင်၊ မိခင် ဖြစ်သူသည် နစ်နာကြေးငွေကို ကိုယ်စား လက်ခံယူနိုင် သည်။ (အပိုဒ် ၂၀) ဇနီး၊ မိခင်၊ ဖခင် မရှိပါက အဆိုပါ အလုပ်သမားအား ကျွေးမွေးစောင့်ရှောက် သူ သို့မဟုတ် အကူအညီပေးသူ သည် နစ်နာကြေးကို ခံစားပိုင်ခွင့်ရှိသည်။
အလုပ်ရှင်ထံမှ နစ်နာကြေးခံစားခွင့်မရှိသူ
• အိမ်ဖေါ်အလုပ်သမား သို့မဟုတ် လူမှုရေးအတွက် အကူအညီပေးနေသည့် ကုသိုလ်ဖြစ် အလုပ်များတွင် အ လုပ် လုပ်ကိုင်နေသူများ။
• အလုပ်သမားသည် အရက်မူးသဖြင့် အလုပ်ရှင်အား အန္တရာယ်ဖြစ်စေရန်၊ အနာတရဖြစ် စေရန် ကြံစည်သည့် အခါများတွင်ဖြစ်စေ။
အလုပ်ရှင်လိုက်နာရန်
အလုပ်သမားထိခိုက် အနာတရဖြစ်လျှင်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်မိလျှင် ဖြစ်စေ အလုပ်သမားအတွက် နစ်နာကြေးပေးဆောင်ရန် နစ်နာကြေးမစုဆောင်းပေးသည့် တာဝန်ဝတ္တရားပျက်ကွက်သူ အလုပ်ရှင်အား ပြစ်မှုပုဒ်မ များစွာဖြင့် တရားစွဲဆိုနိုင်ပါသည်။ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၁) လမှ (၁) နှစ် ထိ ပြစ်ဒဏ်ချမှတ်နိုင်ပြီး၊ ငွေဒဏ် ဘတ် ၂,၀၀၀ မှ ဘတ် ၂၀,၀၀၀ ထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။
၁။ ပုဒ်ပြတ်လုပ်ငန်း အလုပ်ရှင်ဖြစ်စေ၊ ပုဒ်ပြတ်လုပ်ငန်းရှင်ကြီးထံမှ တဆင့်ယူ၍ လုပ်သူ ဖြစ်စေ၊ ပုဒ်ပြတ် အ လုပ်ရှင်ကြီးကိုယ်တိုင်ပင်ဖြစ်စေ အလုပ်သမားတွင် ထိခိုက်အနာ တရ ဖြစ်ပါက နစ်နာကြေး ပေးဆောင် ရ မည်ဖြစ်သည်။ (အပိုဒ် ၁၀) ပုဒ်ပြတ်လုပ်ငန်း လုပ်ကိုင် သူသည် အလုပ်ရှင်ကိုယ်တိုင်ဖြစ်ပါက အလုပ်သမား၏ နစ်နာကြေးအတွက် ပေးဆောင် ရမည့်တာဝန် ယင်းအလုပ်ရှင်တွင်ရှိသည်။ (အပိုဒ် ၁၁)

တိုင်ကြားနိုင်ခွင့်
အလုပ်ခွင်အတွင်း အလုပ်သမားတဦး အလုပ်လုပ်နေစဉ်တွင် ထိခိုက်အနာတရ ဖြစ်သည့် အခါများတွင်ဖြစ်စေ၊ ဖျားနာသည့်အခါများတွင်ဖြစ်စေ၊ သေဆုံးသွားသည့်အခါများတွင် ဖြစ်စေ၊ ပျောက်ဆုံးသွားသည့် အခါများ တွင်ဖြစ်စေ၊ အလုပ်သမားကိုယ်တိုင်ဖြစ်စေ၊ အလုပ် သမား၏ မိသားစုကိုယ်တိုင် ပင်ဖြစ်စေ နစ်နာကြေးနှင့် လူမှုရေးအာမခံဌာနသို့ ထိခိုက်သည့် ရက်မှ စတင်၍ ရက်ပေါင်း (၁၈၀) အတွင်း တိုင်ကြားနိုင်သည်။ (အပိုဒ် ၄၉) နစ်နာကြေးပေး ဆောင်ရန်အတွက် အပိုဒ် ၁၂ တွင်လည်း ပြဌာန်းထားသည်။ သက်ဆိုင်သူ၏ မိသားစု သည် နိုင်ငံခြားတိုင်းပြည်တွင် နေလျှင်ဖြစ်စေ၊ သို့မဟုတ် အလုပ်သမားသေဆုံးသည် ပျောက်ဆုံး သည် ကို မ သိရသည့် အခြေအနေတွင် ရှိနေသည်ဖြစ်စေ အလုပ်ခွင်မှ ထွက်ပြီးနောက် အနာတရဖြစ်လျှင်ဖြစ်စေ၊ ဖျားနာ လျှင်ဖြစ်စေ ဖြစ်ပြီး (၂) နှစ်အတွင်း တရားရုံးတော်တွင် တိုင် ကြားနိုင်သည်။

အယူခံဝင်ခြင်း
အလုပ်သမားများအနေဖြင့်လည်း နစ်နာကြေးဌာနမှ တာဝန်ရှိသူ၏ နစ်နာကြေး ပေးဆောင် ခြင်းနှင့်ပတ်သက် သော ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ယင်းဆုံးဖြတ်ချက်ချသည့် နေ့မှ စတင်၍ ရက်ပေါင်း ၃၀ အတွင်း အယူ ခံတရားရုံးတွင် အယူခံဝင်နိုင်သည်။ အကယ်၍ အယူ ခံတရားရုံး၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါကလည်း ယင်း အမိန့်ချပြီးသည့်နေ့မှ စတင်၍ ရက်ပေါင်း ၃၀ အတွင်း တရားရုံးတွင် သွားရောက် အမှုဖွင့်နိုင်သည်။
တရားလို၏အခွင့်အရေး၊ တရားခံနှင့်အမှု
က။ အမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်အလက်များ

၁။ ။ တရားရုံး
ထိုင်းနိုင်ငံတွင် တရားရုံးကို (၃) မျိုးခွဲခြားထားသည်။
၁-၁။ ။တရားမ တရားရုံးတွင် အောက်ခြေတရားရုံး၊ အယူခံတရားရုံး၊ အထက်တရားရုံး ဟူ၍ သုံးမျိုးခွဲထားသည်။

- တရားမ တရားရုံးသည် ငွေကြေးနှင့်သက်ဆိုင်သည့် အမှုများနှင့်ပြစ်မှုများကို စီရင်သည်။
- ငွေကြေးနှင့်ဆိုင်သည့် အမှုများတွင် ကိုဝင်းသည် ကိုအောင်ချေးငှားသွားသည့်ငွေများကို ပြန်လည်ရလိုအ တွက် တိုင်တန်းသည့် အမှုများကို လက်ခံတရားစီရင်ပေးသည်။
-ပြစ်မှုဆိုသည်မှာ ကိုဝင်းသည် ကိုအောင်၏ ပစ္စည်းများကို ခိုးယူသဖြင့် တိုင်တန်းခြင်းခံရပြီး ယင်းတိုင်တန်း သည့် အမှုများကို လက်ခံ၍ တရားစီရင်ပေးသည်။
- မြို့နယ်တရားရုံး ပြည်နယ်တရားရုံး။ ။ဘန်ကောက်တွင်ဖြစ်ပါက ငွေကြေးနှင့် သက်ဆိုင် သည့် အမှုများကို လက်ခံစီရင် သည့် တရားရုံးနှင့်ပြစ်မှုများကို စီရင်သည့် တရားရုံး သို့မ ဟုတ် တရားရေးရာတရားရုံး။

အလုပ်သမားတရားရုံး။ ။အလုပ်သမားများ အမှုအခင်းဖြစ်ပွားသည့်အခါများတွင် အမှုကို စီရင်ကြားနာသည်။ တရားမရေးရာ တရားရုံးတခုလည်း ဖြစ်သည်။
၁.၂။ အုပ်ချုပ်ရေးရာတရားရုံးတွင် အောက်ခြေရုံးနှင့် အထက်ရုံးဟူ၍ ဖွဲ့စည်းထားသည်။ ယင်းတရားရုံးတွင် ပြည်သူများက အစိုးရဌာနများကို တရားစွဲသည့်အမှုများ၊ ပြဌာန်းထား သည့် ဥပဒေများသည် ထိုင်းဘုရင် မင်းမြတ်ကိုယ်တိုင် လက်မှတ်ရေးထိုး ပြဌာန်းထားသည့် အာမခံဥပဒေထက် တရားစီရင်ရာတွင် နိမ့်ကျသည့် အကြောင်းကိစ္စများကို တိုင်ကြားနိုင် သည်။

၁.၃။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး တခုတည်းတွင်သာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ် သက်၍ပေါ် ပေါက်လာသည့် အမှုများကို စီရင်ပေးသည်။ ဥပမာ-ပြည်သူများအတွက် ပြ ဌာန်းထားသော ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည့် ပြည်သူများ ၏ လွတ်လပ်စွာပြောဆိုပိုင်ခွင့် ဆုံး ရှုံး သည့်အမှုများ စသည်တို့ကို လက်ခံ၍ တရားစီရင် ပေးသည်။
၂။ ဥပဒေတို့၏ အသုံးဝင်မှု အနိမ့်အမြင့် သို့မဟုတ် ဥပဒေအာဏာ
၂.၁။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်တွင် ပြဌာန်းထားသည့် ဥပဒေများအနက် အမြင့်ဆုံးဥပဒေ ဖြစ် သည်။ အခြားသော မည်သည့် ဥပဒေမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယှဉ် ပြိုင်ခြင်း မရှိစေရပါ။

၂.၂။ လွှတ်တော်မှ အတည်ပြုလိုက်သော ဥပဒေ၊ အရေးပေါ်အက်ဥပဒေ၊ စစ်အာဏာသိမ်း အဖွဲ့ (သို့မဟုတ်) ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေးအဖွဲ့မှ ထုတ်ပြန်ထားသော ဥပဒေ များသည် အစဉ်လိုက် သြဇာသက် ရောက်မှုရှိသည်။

၂.၃။ ဘုရင်မင်းမြတ်မှထုတ်ပြန်လိုက်သော အမိန့်၊ ၀န်ကြီးဌာနမှ ထုတ်ပြန်သည့် အစိုးရဌာန များနှင့် ပတ်သက် သည့် ဥပဒေများ၊ အမိန့်များ သို့မဟုတ် ဒေသဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ပြည်နယ်နှင့် တိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့အစည်းများအ တွက် ပြဌာန်းထားသည့် ဥပဒေ များ သည် လည်း လွှတ် တော်က အတည်ပြု ပြဌာန်းထား သည့် ဥပဒေများကို မှီငြမ်း၍ ရေးသားထားခြင်း ဖြစ်သဖြင့် ဥပဒေ၏ သတ်မှတ် ထားသော စံချိန်စံညွှန်များဖြင့် ကြည့်လျှင် ဒုတိယတန်း စားဥပဒေသာလျှင်ဖြစ်သည်။ သို့သော် ဒုတိယ တန်း စားဥပဒေကို ဖောက်ဖျက်ခြင်း၊ ကျူးလွန်ခြင်း ကို ပြု၍မရ ပါ။
အမှုအတွက် တိုင်ချက်ဖွင့်ပုံ
မုဒိန်းကျင့်ခြင်းခံရသူ၊ ခြိမ်းခြောက်ခြင်းခံရသူ၊ ပစ္စည်းလုယက်ခြင်းခံရသူ၊ ညှဉ်းပမ်းနှိပ်စက် ခြင်းခံရသူ၊ အစိုးရ၀န်ထမ်းဖြစ်သူ၏ အတင်းအဓမ္မငွေညှစ်ခြင်းခံရသူများသည် အောက်တွင် ဖေါ်ပြထားသည့် နေရာများတွင် သွား ရောက်၍ တိုင်တန်း နိုင်ပါသည်။
၁။ နစ်နာသူသည် ရဲစခန်းသို့သွားရောက်၍ အမှုဖွင့်တိုင်ကြားနိုင်သည်။ တာဝန်ရှိသူမှ အမှု၏ သက်သေခံ အ ထောက် အထားများကို ရှာဖွေ၍ ပြစ်ဒဏ်ချမှတ်နိုင်ရန် တရားရုံးသို့ တိုင် ကြားမည်ဖြစ်သည်။
၂။ သို့မဟုတ်ပါက ရှေ့နေအားဆက်သွယ်၍ တရားရုံးသို့ တိုက်ရိုက်တိုင်ကြားနိုင်သည်။
ပြစ်မှုကျူးလွန်ခြင်းခံရသူ သို့မဟုတ် နစ်နာသူ၏ ရပိုင်ခွင့်
နစ်နာကြေး
အမှုတွင် တရားခံသုံးစွဲရမည့် ကုန်ကျစရိတ်အတွက် လွှတ်တော်ဥပဒေတွင် ပြဌာန်းထား ချက် (အပိုဒ် ၁၇-၁၉)
၁။ အစိုးရတရပ်သည် တိုင်းသူပြည်သားများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရမည့် တာဝန်ရှိသည်။ အကယ်၍ အစိုးရသည် စောင့်ရှောက်မှု မပေးနိုင်ဘဲ ပျက်ကွက်ခဲ့ပါက ပြစ်မှုကျူးလွန်ခြင်းခံရသူ၊ ထိ ခိုက် နစ်နာသူအား နစ်နာကြေးပေးရမည် ဖြစ်သည်။
၂။ နစ်နာသူဆိုသည်မှာ ပြစ်မှုကျူးလွန်ခြင်းခံရသူ သို့မဟုတ် ဒုစရိုက်သား၏ သားကောင် ဖြစ်သွားသည့်သူကို ဆိုလိုသည်။
ဒုစရိုက်သား၏ ရန်ကြောင့်သေဆုံးခြင်း၊ အနာတရဖြစ်ခြင်း သို့မဟုတ် စိတ်ရောဂါ ရသွား ခြင်း၊ ပြစ်မှုကျူး လွန်သူကို ဖမ်းဆီးရမိခြင်း မရှိသော်လည်း နစ်နာသူတွင် နစ်နာကြေးရပိုင် ခွင့်ရှိသည်။
• နစ်နာသူသည် မိမိကိုယ်တိုင် အမှုကို ကျူးလွန်ပါက နစ်နာကြေးခံစားပိုင်ခွင့်မရှိပါ။
• နစ်နာသူသည် အောက်ဖေါ်ပြပါ ပြစ်မှုများဖြစ်မှသာ နစ်နာကြေးခံစားပိုင်ခွင့်ရှိသည်။ လိင်ပိုင်းဆိုင်ရာအတွက် ပြဌာန်းထားသည့် ဥပဒေ အပိုဒ် ၂၇၆-၂၈၇။ အသက်အန္တရာယ် အ တွက် ပြဌာန်းထားသော ဥပဒေ ၂၈၈-၂၉၄။ ခန္ဓာကိုယ်အစိတ်အပိုင်းများအတွက် ပြဌာန်း ထားသော ဥပဒေအပိုဒ် ၂၉၅-၃၀၀ နှင့် ကလေးငယ်၊ လူနာ၊ အနာတရဖြစ်နေသူ၊ မသန် မစွမ်းဖြစ်သူများကို စွန့်ပစ်ထားမှု စသော အပိုဒ် ၃၀၆-၃၀၈ ပြစ်မှုများ စသည်တို့ဖြင့် ငြိစွန်း မှသာ နစ်နာကြေး ခံစားပိုင်ခွင့်ရှိသည်။
၃။ နစ်နာကြေးရမည့် လုပ်ငန်းအမျိုးအစားနှင့် ခံစားရမည့်ငွေကြေးအတိုင်းအတာပမာဏ
၃.၁။ ဆေးကုသစရိတ်အတွက် ဘတ် ၃၀,၀၀၀ ထက် မကျော်သောငွေ။
၃.၂။ လုပ်ငန်းခွင့်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အနားယူခြင်း၊ အားအင်မွေးမြူ ခြင်းအတွက် ဘတ် ၂၀,၀၀၀ ထက်မကျော်သောငွေကို ပေးရမည်။
၃.၃။ ထိခိုက်ဒဏ်ရာရ၍ အလုပ်နားရသည့်ရက်များအတွက် တရက် ဘတ် ၂၀၀ နှုန်းဖြင့် အချိန် ၁ နှစ်ထက် မကျော်သော ကာလ။
၃.၄။ ထိခိုက်အနာတရဖြစ်သူ သေဆုံးသွားပါက ဘတ် ၃၀,၀၀၀ မှ ဘတ် ၁၀၀,၀၀၀ ကို ကျန်ရစ်သူ မိသားစု အား ပေးရမည်။
၃.၅။ အလောင်းသင်္ဂြိုဟ် စရိတ်အဖြစ် ဘတ် ၂၀,၀၀၀ ကို မိသားစုအားပေးရမည်။
၃.၆။ မိသားစုကို အကူငွေအဖြစ် ဘတ် ၃၀,၀၀၀ ထက် မကျော်သောငွေကို ပေးရမည်။
၃.၇။ အခြားသော ဝေယျာဝေစ္စကိစ္စများအတွက် ဘတ် ၃၀,၀၀၀ ထက်မကျော်သော ငွေကိုလည်း ပေးရမည်။
၎။ နစ်နာကြေးခံစားပိုင်ခွင့်ရှိသူသည် ပြည်နယ်တိုင်းတွင်ရှိသည့် တရားရေးရာတရားရုံးတွင် သွားရောက် တောင်းဆို နိုင်သည်။ (မဲဆောက်မြို့တွင်မူ မဲဆောက်ထောင်တွင် သွားရောက် တောင်းဆိုနိုင်သည်။) ကိုယ် တိုင် သွားရောက် လက်ခံနိုင်ခြင်း မရှိပါက ကိုယ်စားလှယ်လွှဲစာ ဖြင့် သွားရောက်ထုတ်ယူနိုင်သည်။ ထိုသို့ သွား ရောက်ထုတ်ယူရာတွင် အောက်ပါ သက်သေ ခံအထောက်အထားများကို တပါတည်း ယူဆောင် သွားရမည်။

• အခင်းဖြစ်ပွားသည့်နေ့တွင် မှတ်တမ်းတင်ထားသည့် ရဲမှတ်တမ်း၊ မှတ်ပုံတင်တို့ကို ယူ ဆောင်သွားရမည်။
• ဖြစ်ပွားသည့်နေ့မှ စတင်ရေတွက်၍ (၁) နှစ်အတွင်း သွားရောက်၍ လျှောက်လွှာတင်ရ မည်ဖြစ်သည်။
• အကယ်၍ တာဝန်ရှိသူက နစ်နာကြေးပေးရန် ငြင်းဆိုသည့်အခါများတွင် တရားရုံးသို့ သွားရောက်၍ ရက် ပေါင်း ၃၀ အတွင်း အယူခံဝင်နိုင်သည်။ တရားရုံးတွင် တိုက်ရိုက်သွား ရောက် တိုင်တန်းနိုင်သည်။
ပြစ်မှုကျူးလွန်ခြင်းခံရသူ၏ နစ်နာကြေးခံစားပိုင်ခွင့် အပိုဒ် ၄၄/၁ ပြဌာန်းချက်
အမှုတိုင်းတွင် တရားရုံးသည် တိုင်ကြားသူအဖြစ် ရုံးတော်သို့ဦးတိုက်၍ တိုင်ကြားရသည်။ တရားခံအား အမိန့် ချမှတ်၍ တရားလိုအား နစ်နာကြေးပေးဆောင်ရန် ဆုံးဖြတ်ပေးသည်။ ယင်းသို့ နစ်နာကြေးပေးဆောင်ရန် အမိန့်ချမှတ်ရခြင်းမှာလည်း တရားခံအနေဖြင့် တဘက် သားအား သေဆုံးစေရန်၊ ခန္ဓာကိုယ် ထိခိုက်စေရန်၊ စိတ်ထိခိုက်စေရန်၊ နာမည် ပျက်ပျား စေရန် လုပ်ဆောင်ခြင်းတို့ကြောင့် ဖြစ်သည်။ တိုင်ကြားရာတွင် သက်သေ အဖြစ် လိုက်ပါ မည့်သူများလည်း လိုအပ်သည်။

သံသယရှိခံရသူ (တရားခံ) နှင့်တရားလိုတို့၏ အမှုခွင်အတွင်း ခံစားပိုင်ခွင့်များ

မည်သူသည် သံသယရှိခြင်းခံရသူ၊ မည်သူသည် တရားခံနည်း။
သံသယရှိခြင်းခံရသူဆိုသည်မှာ ရဲစခန်းတွင် သွားရောက်၍ ပြစ်မှုကျူးလွန်သည်ဟု သံသယဖြင့် အမှု ဖွင့်ခြင်းခံရသူကို ဆိုလိုသည်။
တရားခံ ဆိုသည်မှာ တရားဥပဒေကို ဖောက်ဖျက်သဖြင့် တရားရုံးတွင် အမှုဖွင့်အရေးယူ ထားခြင်း ခံရသူကို ဆိုလိုသည်။

ဖမ်းဆီးခြင်း
အောက်ပါအကြောင်းများဖြစ်လာပါက အစိုးရအာဏာပိုင်များမှ ဖမ်းဆီးခွင့်ရှိသည်။
• သွားရောက်ဖမ်းဆီးသူ တာဝန်ရှိရဲတွင် တရားရုံး၏ ဖမ်းဆီးခွင့် အမိန့်ရှိရမည်။ သို့သော် လူ တဦးသည် တာဝန် ရှိရဲ၏ ရှေ့တွင် ပြစ်မှုကျူးလွန်နေလျှင်ဖြစ်စေ၊ ဖောက်ခွဲမည်ဟု သံသယ ရှိလျှင်ဖြစ်စေ၊ လက်နက် ကိုင်ဆောင် ထားလျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်နိုင်သည့် လက်နက် ပစ္စည်းတခုခုကို ကိုင်ဆောင် ထား လျှင်ဖြစ်စေ။ အရေးပေါ် အခြေအနေအရ ဖမ်းဆီးရမည့် အ ကြောင်းများဖြစ်လာလျှင် ဖမ်းဆီး ခွင့်ရှိသည်။ (အပိုဒ် ၇၈)
• အိမ်တွင်း၊ အခန်းတွင်း ၀င်ရောက်ရှာဖွေသည့်အခါတွင် တရားရုံး၏ အမိန့်လိုအပ်သည်။
• ဖမ်းဆီးရန်အကြောင်းအချက် ခိုင်လုံမှသာ တရားရုံးက ဖမ်းဆီးခွင့် ပေးရမည်။ (အပိုဒ် ၆၆)
• ၀င်ရောက်ရှာဖွေခွင့်ကိုလည်း အကြောင်းပြချက် ခိုင်လုံမှသာ ခွင့်ပြုရမည်။ (အပိုဒ် ၉၂ နှင့် ပူးတွဲလျှက် ၅၇)

ဖမ်းဆီးခံရချိန်တွင် တရားခံ၏ ရပိုင်ခွင့် (အပိုဒ် ၈၃)
• သွားရောက်ဖမ်းဆီးသူ အစိုးရအာဏာပိုင်သည် ဖမ်းဆီးမည့်သူအား ဖမ်းဆီးရသည့် အကြောင်းနှင့် တရားရုံး၏ ဖမ်းဆီးခွင့် အမိန့်ကိုပြ၍ ဖမ်းမည့်အကြောင်းကို ရှင်းပြရမည်။ ယင်း သို့ပြောဆို၍ အဖမ်းမခံလျှင် အင်အား အလုံ အလောက် သုံး၍ ဖမ်းရမည်။ ဖမ်းဝရမ်း (ဖမ်းဆီးခွင့်အမိန့်) ရှိပါက ပြသရမည်။
ဖမ်းဆီးခံထားရသူ (တရားခံ) တွင် အောက်ပါ အခွင့်အရေးများရှိသည်
- ဖမ်းဆီးခံထားရသူ (တရားခံ) သည် အစိုးရအာဏာပိုင်များ၏ စစ်ဆေးမေးမြန်းချက်ကို ထွက်ဆိုလိုသည် ဖြစ် စေ၊ မထွက်ဆိုလိုသည် ဖြစ်စေ မိမိဆန္ဒသဘောအတိုင်း နေနိုင်သည်။
- ဖမ်းဆီးခံထားရသူ (တရားခံ) ပြောစကားများသည် တရားရုံး၏ အမိန့်ချမှတ်ရာတွင် သက် သေအဖြစ် အသုံး ပြုမည် ဖြစ်သည်။
- ဖမ်းဆီးခံထားရသူ (တရားခံ) သည် ရှေ့နေထံတွင် အကြံဉာဏ်တောင်းခံနိုင်သည်။
- ဖမ်းဆီးခံထားရသူ (တရားခံ) သည် ဖမ်းဆီးခံထားရသည့်အကြောင်းအား မိသားစုကို အ ကြောင်းကြားရာတွင် တာဝန်ရှိ အာဏာပိုင်များမှ အဆင်ပြေစေရန် စီမံပေးရမည်။
တရားခံ၏ ရပိုင်ခွင့်များ
• တရားခံအားသွားရောက်ဖမ်းဆီးသူ အာဏာပိုင်သည် ဖမ်းဆီးပြီးနောက် အချိန်မနှောင်း ခင်တွင် ရဲစခန်းသို့ အရောက် ခေါ်ဆောင်လာရမည်။ ရဲစခန်းရောက်ချိန်တွင် ဖမ်းဆီးရသည့် အကြောင်းရင်းကို အစီရင်ခံ ရမည်ဖြစ်ပြီး ဖမ်းဆီးထားသူအား ၄၈ နာရီထက် ပို၍ ဖမ်းဆီး ချုပ်နှောင်ထားခြင်း ပြု၍မရပါ။ အကယ်၍ ဆက်လက် ချုပ် နှောင်ထားလိုပါက တရားရုံး၏ ခွင့်ပြုချက်ကို ရယူရမည်ဖြစ်သည်။
• သံသယရှိသူ တရားခံကို ဖမ်းဆီးလာပြီး ရဲစခန်းရောက်သည့်အချိန်တွင် စုံစမ်းစစ်ဆေး ရေးအဖွဲ့သို့ ပိုရမည်။ ဖမ်းဆီးရသည့် အကြောင်းရင်း အသေးစိတ်ကိုလည်း ရေးသားရမည်။ ဖမ်းမိန့်ကိုလည်း ပြသရမည်။ ဖမ်း ဆီးရ သည့် အကြောင်းရင်း အစီရင်ခံစာအသေးစိတ်ကို လည်း မှတ်တမ်းတင်ရမည်။ တရားခံအနေဖြင့်လည်း ၎င်း အား ဖမ်းဆီးရသည့်အကြောင်း ရင်းကို မှတ်တမ်းတင်ထားသည့် အစီရင်ခံစာကို တောင်းယူနိုင်သည်။
ရဲစုံစမ်းစစ်ဆေးရေးမှ တရားခံအဖြစ် သံသယဖြစ်သူတွင် အောက်ပါ အခွင့်အရေးများရှိ ကြောင်းပြောရမည်။ (အပိုဒ် ၇/၁)

- ရဲစခန်းအနေဖြင့်လည်း တရားခံအဖြစ် သံသယမှုဖြင့်ဖမ်းဆီးခံထားရသူ၏ မိသားစုထံသို့ မည်သည့်ရဲစခန်း တွင် ဖမ်းဆီးထားသည့် အကြောင်းကို အကြောင်းကြားရမည်။
- သံသယမှုဖြင့်ဖမ်းဆီးခံထားရသူ တရားခံအနေဖြင့် ရှေ့နေနှင့် တွေ့ဆုံ အကြံဉာဏ် တောင်းခံနိုင်သည်။
- မိသားစု၊ သူငယ်ချင်း၊ ဆွေမျိုး၊ ရှေ့နေ စသူတို့သည် တရားခံကို စစ်ဆေးမေးမြန်းနေစဉ် တွင် သွားရောက် နား ထောင်ခွင့်ရှိသည်။
- သက်ဆိုင်သူမိသားစုများအနေဖြင့် သွားရောက်လည်ပတ်ခွင့်နှင့် လွတ်လပ်စွာ ဆက်သွယ် ခွင့်ရှိသည်။
- ဆေးကုသခွင့်ရှိသည်။
အာမခံဖြင့် ထွက်လာခွင့်
ဖမ်းဆီးခံထားရသူ တရားခံတွင် အာမခံဖြင့် အမြန် ထွက်လာခွင်ရှိသည်။ ယာယီထွက်ခွင့် အတွက် အာမခံ ကြေးငွေအား သတ်မှတ်ထားသည်ထက် ပို၍တောင်းပိုင်ခွင့်မရှိပါ။ (အပိုဒ် ၁၀၇)
အာမခံခြင်းနှင့်ပတ်သက်၍ အပိုဒ် ၁၀၈/၁ တွင် ပြဌာန်းထားချက်
- တရားခံထွက်ပြေးမည်ဟု ယုံကြည်ရလျှင်
- တရားခံက သက်သေအထောက်အထားများကို ဖျက်ဆီးပစ်မည်၊ ပြောင်းလဲပစ်မည်ဟု ယူ ဆရလျှင်။
- တရားခံသည် ပြစ်မှုထပ်မံ ကျူးလွန်မည်ဟု ယုံကြည်ရလျှင်
- အာမခံထားသည့် အချက်များသည် ယုံကြည်စိတ်ချရခြင်း မရှိလျှင်
- အာမခံထားသူသည် တရားစီရင်မှုအား အခက်အခဲ ဖြစ်စေမည်ဟု ယုံကြည်ရလျှင်
အထက်တွင် ဖေါ်ပြထားသည့် အချက်များနှင့် ငြိစွန်းသည့်အတွက် တရားခံအား အာမခံမ ပေး၍မရပါ။ တရားခံ အနေဖြင့် ဆက်လက်အယူခံဝင်လျှင်လည်း အာမခံမပေးရန် အယူခံ တရားရုံးက အမိန့်ပေးနိုင်သည်။
စစ်ဆေးရေးအဆင့်တွင် တရားခံအဖြစ် သံသယရှိသူတွင် အောက်ပါ အခွင့်အရေးများ ရှိသည်။

• တရားခံအဖြစ် သံသယရှိသူသည် စစ်ဆေးရေးတွင် အလျှင်အမြန်စစ်ဆေးပိုင်ခွင့်နှင့် တရားမျှတစွာ စစ်ဆေး ခွင့်ကို ခံစားပိုင်ခွင့်ရှိသည်။ (အပိုဒ် ၈ (၁)။ ၁၃၄)
• အစိုးရက ရှေ့နေကို စီစဉ်ပေးရန် တောင်းဆိုပိုင်ခွင့်ရှိသည်။ (အပိုဒ် ၁၃၄/၁)
• ဆွေမျိုးသားချင်းများ၊ မိသားစုဝင်များ၊ သူငယ်ချင်း၊ ရှေ့နေစသူ တို့ စစ်ဆေးနေစဉ်တွင် သွားရောက် နား ထောင် ခွင့်ရှိသည်။
• စစ်ဆေးမေးမြန်းသူတို့သည် ၎င်းတို့လိုချင်သည့် အကြောင်းအချက်ကို တရားခံပြောဆို လာစေရန် အင်အား သုံး၍စစ်ဆေးမေးမြန်းခြင်း၊ နှိပ်စက်ညှဉ်းပမ်းခြင်း၊ လိမ်လည်ခိုင်းခြင်း၊ ကတိပေးခြင်း၊ ဖျားယောင်း ၍ ထွက်ဆို ခိုင်းခြင်း မပြုရပါ။
• တရားခံအနေဖြင့် စစ်ဆေးမေးမြန်းသူအား ဖြေကြားလိုသည်ဖြစ်သည်၊ မဖြေကြားလို သည်ဖြစ်စေ မိမိသ ဘောဆန္ဒအတိုင်း နေပိုင်ခွင့်ရှိသည်။
• တရားခံဘက်မှ သက်သေအထောက်အထားများကို ယူ၍ စစ်ဆေးသူထံတွင် ပြသရမည်။ အကြောင်းပြချက် ပေးရမည်။
• စကားမပြောတတ်သူ မသန်မစွမ်းသူဖြစ်ပါက စကားပြန် ထားပေးရမည်။
ဥပဒေနှင့်ညီညွတ်ခြင်းမရှိဘဲ ဖမ်းဆီးထားလျှင်
လူတဦးတယောက်အား အစိုးရတာဝန်ရှိသူတဦးမှဖြစ်စေ၊ အခြား သာမန်ပြည်သူ တဦးတ ယောက်မှဖြစ်စေ ဥပ ဒေမဲ့ဖမ်းဆီးထားပါက တရားရုံးတွင် သွားရောက်၍ ဖမ်းဆီးထားခြင်းမှ ပြန်လွှတ်ပေးရေးအတွက် သွားရောက် လျှောက်လဲနိုင်သည်။ (အပိုဒ် ၉၀)
တရားခံသည်အမှုတွင် အောက်ပါ အခွင့်အရေးများရှိသည်။

• တရားခံအား ပြစ်မှုမကျူးလွန်သူဟု ထင်ကြေးပေးပိုင်ခွင့်ရှိသည်။
• တရားရုံးတွင် ထွက်ဆိုလိုသည့် ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မိမိဆန္ဒအတိုင်း လွတ် လပ်စွာ နေနိုင် သည်။
• တရားခံသည် လိုအပ်ပါက ရှေ့နေဖြင့် အမှုကို ရင်ဆိုင်နိုင်သည်။
• အာမခံလျှောက်ထားခွင့် ရှိသည်။
• အမှုအား တရားမျှတစွာဖြင့် အမြန်ဆုံးစီရင်ခွင့် ရစေရမည်။
အယူခံခွင့်၊ တရားရုံးချုပ် ဥပဒေရေးရာ တရားရုံး၏ အမိန့်ကြားနာသည်ကို ခံယူခွင့်ရှိသည်။
တရားခံသည် အမှုတွင်အောက်ပါ အခွင့်အရေးများ ခံစားပိုင်ခွင့်ရှိသည်

အမှုကျူးလွန်ခြင်းခံရသူအား နစ်နာကြေး၊ အသုံးစရိတ်နှင့်တရားခံအတွက် သတ်မှတ်ထားသည့် အသုံး စရိတ် အတွက် ၂၀၀၁ ခုနှစ် တွင် ပြဌာန်းထားသည့် လွှတ်တော်ဥပဒေတွင် အောက်ပါအတိုင်း ခံစားပိုင်ခွင့်ပေးထား သည်။
၁- အစိုးရက အပြစ်မဲ့ ပြည်သူတဦးအား အပြစ်ရှိသည်ဟု ဖမ်းဆီး၍ အမိန့်ချမှတ်ခဲ့သည် ရှိ သော် ထိုသူ၏ လွတ် လပ်စွာနေထိုင်ပိုင်ခွင့်၊ အမည်၊ ဂုဏ်သိက္ခာနှင့် စိတ်ဓါတ်ကို ထိခိုက် စေသည့်အတွက် ထိုသူအား နစ်နာကြေး ပေးဆောင်ရမည်။
နစ်နာကြေးရခွင့်ရှိသူနှင့် အသုံးစရိတ်ကို ထုတ်ယူခွင့်ရှိသူ
၁- တရားခံတဦးတည်းသာ နစ်နာကြေးနှင့် အသုံးစရိတ် ရပိုင်ခွင့်ရှိသည်။ အမှုတွင် သံသယ ဖြစ်ခြင်းခံရသူတွင် နစ်နာကြေး ရပိုင်ခွင့်မရှိပါ။
၂- တရားရုံး၏ တရားစွဲဆိုခြင်းခံရသော တရားခံ၊ ပြည်သူ တဦးတယောက်၏ တရားစွဲ ဆို ခြင်းခံရသူတွင် နစ်နာကြေးရပိုင်ခွင့်မရှိပါ။
၃- တရားခံအား အမှုကြားနာနေစဉ်အတွင်း ဖမ်းဆီးထားပြီး (တိုင်ကြားခံရသည့်နောက်ပိုင်း မှစ၍) တရားရုံး၏ သက်သေအထောက်အထားများဖြင့် အမှုကို ကြားနာပြီးသည့် နောက် တွင် အပြစ်မရှိသည့် အတွက် အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်သွားသူများတွင် နစ်နာ ကြေးရပိုင်ခွင့် ရှိသည်။
နစ်နာကြေးနှင့် အသုံးစရိတ် ခံစားပိုင်ခွင့်
၁။ ဖမ်းဆီးခံထားရသည့် ရက်များအတွက် နစ်နာကြေးအဖြစ် တရက်လျှင် ဘတ် ၂၀၀ ရပိုင်ခွင့်ရှိသည်။
၂။ အမှုရင်ဆိုင်နေစဉ်အတွင်း ကျန်းမာရေးမကောင်းဖြစ်ပါက ဆေးကုသစရိတ် အဖြစ် ဘတ် ၃၀,၀၀၀ ထက် မကျော်သော ငွေကို သုံးစွဲပိုင်ခွင့်ရှိသည်။
၃။ တရားခံ၏ စိတ်ဓါတ်ပြန်လည်ပြုစုပျိုးထောင်ရန်အတွက် ဘတ် ၅၀,၀၀၀ ထက်မကျော်သောငွေ ခံစားပိုင် ခွင့်ရှိသည်။
၎။ အမှုရင်ဆိုင်နေစဉ်အတွင်း သေဆုံးသွားပါက နစ်နာကြေးအဖြစ် ဘတ်ငွေ ၁၀၀,၀၀၀ ခံစားပိုင်ခွင့်ရှိသည်။
၅။ အလောင်းသင်္ဂြိဟ်ရန်အတွက် ဘတ်ငွေ ၂၀,၀၀၀။
၆။ သေဆုံးသွားသူ၏ မိသားစုအတွက် ထောက်ပံ့ငွေအဖြစ် ၃၀,၀၀၀ ထက်မကျော်သော ငွေ။
၇။ ရှေ့နေနှင့် အခြားသော အသုံးစရိတ်များအတွက် ဘတ် ၅၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ရပိုင်ခွင့်ရှိသည်။ တရားရုံးတွင် အမှုထမ်းနေသည့် ရှေ့နေတွင် ယင်းငွေကို ခံစားပိုင်ခွင့်မရှိပါ။
နစ်နာကြေးအတွက် ရရှိမည့်ငွေ ထုတ်ယူနိုင်သည့်နေရာများ
နစ်နာကြေးရရှိမည့်သူ၏ နေထိုင်လျှက် ရှိသည့် ပြည်နယ် တရားမတရားရုံး၊ (မဲဆောက်မြို့ တွင်မူ ထောင် တွင်ရှိသည်။) မိမိ၏ ကိုင်ဆောင်ထားသော လက်မှတ်မှတ်ပုံတင်နှင့် တရားရုံး ၏ အမှုကြားနာချက်တွင် တရားခံ တွင် အပြစ်မရှိကြောင်း ရေးသားထားသည့် ထောက်ခံစာ။ သို့မဟုတ်ပါက အခြားသူတဦးအား ကိုယ်စား သွား ရောက်ထုတ်ယူရန် ကိုယ်စားလှယ် လွှဲစာ ဖြင့်ဖြစ်စေ တရားရုံးက အမိန့်ချမှတ်ပြီး (၁) နှစ်အတွင်း သွားရောက် ထုတ်ယူနိုင်သည်။
တရားခံအနေဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အယူခံရုံးတွင် တိုင်ကြားရန် အတွက် တရားမရေး ရာ တရားရုံးတွင် ရက်ပေါင်း (၃၀) အတွင်း တိုက်ရိုက် တိုင်ကြားနိုင် သည်။
တရားခံသည် မြန်မာနိုင်ငံသားဖြစ်ပါက နစ်နာကြေးနှင့် အသုံးစရိတ် ရပိုင်ခွင့် ရှိ/မရှိ
တရားခံသည် မြန်မာနိုင်ငံသားဖြစ်ပြီး တရားရုံးက ပြစ်မှုမရှိဟု ဆုံးဖြတ်ပြီးပါက နစ်နာကြေး နှင့်အသုံးစရိတ်ကို ထိုင်းလူမျိုး များ နည်းတူ ခံစားပိုင်ခွင့်ရှိသည်။ တရားခံတွင် လက်မှတ် မရှိသည့်အတွက် သက်ဆိုင်ရာ အာဏာ ပိုင်များက ငွေ ထုတ်မပေးသည့် အဖြစ်မျိုးနှင့် ကြုံ တွေ့ရပါက အယူခံတရားရုံးတွင် အမှုကို ဆုံးဖြတ်ချက် ချပြီး သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း တိုင်ကြားနိုင်သည်။
နိုင်ငံခြားသားအလုပ်သမားများအတွက် အခြားသော ရပိုင်ခွင့်များ

မွေးဖွားစာရင်းနှင့် သေဆုံးစာရင်း
၁- ထိုင်းနိုင်ငံအတွင်း မွေးဖွားသူတိုင်းသည် မွေးဖွားစာရင်း လက်ခံရယူနိုင်ခွင့်ရှိပြီး အကယ် ၍ သေဆုံးသွားပါ ကလည်း သေဆုံးစာရင်းကို လက်ခံရယူနိုင်သည်ဟု ၁၉၉၁ တွင် ပြဌာန်း ထားသည့် လွှတ်တော်ဥပဒေတွင် ပြဌာန်းထားသည်။
• နိုင်ငံခြားသားအလုပ်သမားတဦးနှင့် ထိုင်းလူမျိုးတဦးတို့ လက်ထပ်ထိမ်းမြား၍ မွေးဖွား လာသော ကလေးငယ် သည်လည်း ဖခင်၏ နိုင်ငံသားကို ခံယူပိုင်ခွင့်ရှိသည်။
• မိခင်ဖြစ်သူသည် ထိုင်းလူမျိုးဖြစ်ပြီး ဖခင်ဖြစ်သူသည် နိုင်ငံခြားသားအလုပ်သမား ဖြစ်ပါ ကလည်း မွေးဖွားလာ သည့် ကလေးငယ်သည် ထိုင်းနိုင်ငံသားအဖြစ် ခံယူပိုင်ခွင့်ရှိသည်။
နိုင်ငံခြားသားကလေးအလုပ်သမားအခွင့်အရေး
အသက် ၁၅ နှစ်အောက် ကလေးများသည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့်မရှိဟု ထိုင်းနိုင်ငံ၏ အလုပ် သမား အက်ဥပဒေတွင် ပြဌာန်းထားသည်။ သို့သော်လည်း ၁၉၉၈ ခုနှစ် တွင် ရေးဆွဲထားသည့် အလုပ် သ မားအက်ဥပဒေတွင် ၁၅ နှစ်အထက် ကလေးများကို အ လုပ်လုပ်ကိုင်ခွင့် ရှိသည်ဟုပြဌာန်းထားသည်။ ကလေး အလုပ်သမားများအား အလုပ်လုပ် ကိုင်ခွင့်ပြုရာတွင်လည်း ခြွင်းချက် အဖြစ်အောက်ပါ အချက်များကို ပြဌာန်း ထားသည်။
၁။ အသက် ၁၅ နှစ်မှ ၁၇ နှစ်ကြားရှိသော နိုင်ငံခြားသား ကလေးအလုပ်သမားကို ငှား ရမ်းလိုသော အလုပ်ရှင် သည် အလုပ်သမားအုပ်ချုပ်ရေးရုံးနှင့် အလုပ်သမားဖူလုံရေးရုံးတွင် ယင်းအလုပ်သမား စတင်အလုပ် လုပ်သည့် ရက်မှ ၁၅ ရက် အတွင်း သွားရောက်၍ အ ကြောင်းကြားရမည်။
၂။ အလုပ်ခွင်တွင် ၄ နာရီဆက်တိုက် အလုပ်လုပ်ပြီးတိုင်း အနဲဆုံး (၁) နာရီကို ကလေးအလုပ်သမားအား နား ခွင့်ပေးရမည်။ တရက်အတွင်း (၈) နာရီထက်ပို၍ အလုပ်လုပ်ကိုင်ခွင့်မရှိပါ။ တပတ်အတွင်း နာရီ (၄၀) ထက်ပို ၍ အလုပ်လုပ်ကိုင်ခွင့်မရှိပါ။
၃။ နိုင်ငံခြားသားကလေးအလုပ်သမားများအား ည ၁၀ နာရီမှ နံနက် ၆ အတွင်း အလုပ် လုပ်သော ညပိုင်း အ လုပ်များတွင် အလုပ်စေခိုင်းခြင်း မပြုရ။ ကလေးအလုပ်သမားကို ငှား ရမ်းခိုင်းစေရာတွင် အလုပ်သမားဝန်ကြီး ဌာန၏ ခွင့်ပြုချက်ဖြင့်သာ ငှားရမ်းပိုင်ခွင့်ရှိသည်။ အချိန်ပို အလုပ်စေခိုင်းခြင်းနှင့် အလုပ်နားရက်များတွင် အ လုပ်စေခိုင်းခြင်း ပြု၍ မရပါ။
၎။ ကလေးအလုပ်သမားထံမှ အလုပ်ရှင်အနေဖြင့် မည်သည့်အကြောင်းတစုံတရာပြသ၍မျှ အာမခံငွေကောက် ခံ၍ မရပါ။ လုပ်အားခကိုလည်း ကလေးအလုပ်သမားမှ လွဲ၍ အခြားသူ များကို ထုတ်ပေးပိုင်ခွင့် မရှိပါ။
၅။ အန္တရာယ်ရှိသော လုပ်ငန်းများ၊ တားမြင်ထားသော လုပ်ငန်းများတွင် ကလေးအလုပ် သမားအား ခိုင်းစေခြင်း မပြုရပါ။ ညပိုင်းအလုပ်ခွင်များ၊ ကျဉ်းကျပ်လွန်းသည့် လုပ်ငန်းခွင် အဆောက်အဦးများ၊ အရက်သေစာများကို ရောင်းချသည့် ဆိုင်များ၊ ဖျော်ဖြေရေးလုပ်ငန်း များ၊ ကလေးများ၏ စိတ်ဓါတ်နှင့် အကျင့်စရိုက် ပျက်စီးသွားစေမည့် လုပ်ငန်းများတွင် အလုပ် စေခိုင်းခြင်း မပြုရပါ။
၆။ အလုပ်ရှင်အနေဖြင့် အောက်တွင် တားမြစ်ထားသည့် အလုပ်များတွင်လည်း ကလေးအ လုပ်သမားများကို ခိုင်းစေ၍မရပါ။ အပူပေးသည့် လုပ်ငန်းများ (သံထည်ပစ္စည်းများ) လေ မှုတ်သည့်လုပ်ငန်းများ၊ ရွှေရည် ငွေရည်စိမ်သည့်လုပ်ငန်းများ၊ သံချည်သံကွေး လုပ်ငန်း များ၊ တံဆိပ်ရိုက်သည့် လုပ်ငန်းများ (သံထည်များ၊ အမာထည်များ) နှင့် ဓါတုပစ္စည်းများ အသုံးပြု၍ လုပ်ကိုင်ရသည့် လုပ်ငန်းများ၊ ရေဒီယိုသတ္တိကြွမှု ဖြစ်စေနိုင် သည့် လုပ်ငန်းများ၊ ပစ္စည်းပို့သည့်လုပ်ငန်းများ၊ မြေအောက်ဂူ၊ ဥမင်လိုဏ်ခေါင်းများတွင် လုပ်ရသည့် အလုပ် များ၊ စက်ပစ္စည်းများကို အသုံးပြု၍ မြေပြင်မှ အမြင့် ၁၀ မီတာ ထက်မြင့်သော အဆောက် အဦးများတွင် လုပ် ကိုင်ရသော လုပ်ငန်းများ၊ အပူကို အသုံးပြု၍ လုပ်ကိုင်ရသော လုပ်ငန်း များ၊ အေးလွန်းသော အလုပ် အကိုင် များ၊ အသံဆူညံလွန်းသော လုပ်ငန်းများ၊ တုန်လှုပ် ချောက်ခြားမှုကို ဖြစ်စေသည့် လုပ်ငန်းများတွင် ကလေး အလုပ်သမားများအား အသုံးပြု၍ မရပါ။

No comments:

Post a Comment