(၁) လူ့အခွင့်အရေးသည် လူတိုင်းအတွက် မွေးရာပါအခွင့်အရေးဖြစ်သည်။ (Human Rights are Inherent)
လူ့အခွင့်အရေးကို ဝယ်ယူ၍မရ၊
လူတိုင်းသည်လူသားဖြစ်နေသောကြောင့် လူ့အခွင့်အရေးကို ရယူပိုင်ဆိုင်ခွင့်ရှိသည်။
(၂) လူ့အခွင့်အရေးသည် လူသားအားလုံးနှင့် သက်ဆိုင်သည်။ (Human Rights
are Universal)
အသားအရောင်၊ လူမျိုး၊ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံရေး၊ လူမှုရေး၊ အတွေးအခေါ်၊ လိင်ကွဲပြားမှုမရွှေး
လူ့အခွင့်အ
ရေးသည် လူသားအားလုံးအပေါ် တန်းတူညီမျှသော လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိသည်။
(၃) လူ့အခွင့်အရေးကို မည်သူကမျှ ယူဆောင်သိမ်းပိုက်၍မရ၊ (Human Rights
are Inalienable)
လူ့အခွင့်အရေးကို မည်သူကမျှ ယူဆောင်သိမ်းပိုက်ခွင့်မရှိ၊ လူတစ်ယောက်၏ မွေးရာပါအခွင့်အရေးကို ထိုသူ၏နိုင်ငံ တော်အစိုးရနှင့် ဥပဒေများက အသိအမှတ်မပြုသည့်တိုင် ထိုလူတွင် လူ့အခွင့်အရေးခံစားခွင့်ရှိသည်။ ထိုသို့ အသိအ မှတ်မပြုခြင်းသည် ထိုသူအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သည်။
(၄) လူ့အခွင့်အရေးများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်စပ်နေသည်။ (Human Rights are Indivisble)
လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်အသက်ရှင်နိုင်ရန်အတွက် လူသားတိုင်းလွတ်လပ်ခွင့်၊ လုံခြုံခွင့်၊ လုံလောက်သော လူနေမှုဘဝများနှင့် လိုက်လျောညီထွေစွာ ခံစားခွင့်ရှိသည်။ မည်သည့်အခွင့်အရေးကိုမှ အခြားအခွင့်အရေးထက် ပို၍ အရေးကြီးသည်ဟု ပြော၍မရ လူ့အခွင့်အရေးတစ်ခု ချိုးဖောက်ခံရခြင်းသည် အခြားအခွင့်အရေးများကိုပါ ထိခိုက် စေသည်။ ထို့အတွက် လူ့ဂုဏ်သိက္ခာသည် လူ့အခွင့်အရေးနှင့် ဆက်စပ်နေသည်။
လူ့အခွင့်အရေးကိုဖယ်ရှား၍မရ။ လူ့အခွင့်အရေးကို မခံစားရခြင်း၊
ဖယ်ရှားခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အဓိပ္ပါယ်ဖွင့်ဆိုချက်
လူ့အခွင့်အရေးသည် တစ်ကမ္ဘာလုံးရှိ လူသားအားလုံးနှင့် သက်ဆိုင်ပြီး တစ်ဥိးချင်းနှင့်အုပ်စုလိုက် အခြေခံလွတ်လပ် ခွင့်များနှင့် လူ့ဂုဏ်သိက္ခာအတွက် အာမခံပေးသောအရာများဖြစ်သည်။ လူ့အခွင့်အရေးဥပဒေများကို အစိုးရက လေး စားလိုက်နာဆောက်ရွက်ရန် တာဝန်ရှိသလို အခြားသူများမှလည်း မချိုးဖောက်စေရန် ကာကွယ်ပေးသာအရာများ ဖြစ် သည် လူ့အခွင့်အရေးများ သည်။ နိုင်ငံတကာနှင့်ဆိုင်သော အာမခံမှုပေးခြင်း၊ တရားနည်းလမ်းကျစွာ အကာအကွယ် ပေးခြင်း။ လူ့အခွင့်အရေး၏ အရေးကြီသော သွင်ပြင်လက္ခာဏာအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
v လူသားတို့၏ လူ့ဂုဏ်သိက္ခာအပေါ်တွင်သာ
တည်မှီနေခြင်း။
v တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ အကာအကွယ်ပေးခြင်း။
v အစိုးရနှင့် အစိုးရအဖွဲ့အစည်းများကို
တာဝန်ပေးအပ်ခြင်း။
v လက်လွတ်ဆုံးရှုံးခြင်း၊
ယူဆောင်သိမ်းပိုက်ခြင်း
မပြုနိုင်ခြင်း။
v တန်းတူညီမျှခြင်းနှင့်
အပြန်အလှန် အမှီပြုခြင်း။
v လူသားအားလုံးနှင့် သက်ဆိုင်ခြင်းတို့ ဖြစ်ကြသည်။
လူ့အခွင့်အရေး ကြေညာစာတမ်း၏ အတိုချုပ် ရှင်းလင်းချက်များ
အပိုဒ်(၁)
လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမျှမှုရှိရမည်။
အပိုဒ်(၂) မည်သူ့ကိုမှ ခွဲခြားဖိနှိပ်ခြင်း မရှိစေရ။
အပိုဒ်(၃) လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ရှိသည်။
အပိုဒ်(၄) မည့်သူ့ကိုမှ ကျွန်အဖြစ် စေခိုင်း၊ ရောင်းဝယ်ခြင်း မပြုရ။
အပိုဒ်(၅) မည်သူ့ကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊
ရက်စက်စွာဆက်ဆံခြင်း အပြစ်ပေးခြင်း
မပြုရ။
အပိုဒ်(၆) တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြု ခံပိုင်ခွင့်။
အပိုဒ်(၇) တရားဥပဒေရှေ့တွင် တန်းတူညီခွင့်။
အပိုဒ်(၈) မိမိအခွင့်အရေး ချိုးဖောက်ခံရပါက ဥပဒေအကူအညီ
ရယူခွင့်။
အပိုဒ်(၉) မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။
အပိုဒ်(၁၀) လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှု ရရှိခွင့်။
အပိုဒ်(၁၁) ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်။
အပိုဒ်(၁၂) ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာများအား ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။
အပိုဒ်(၁၃) လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်။
အပိုဒ်(၁၄) မတရားအပြစ်ပေး ခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့်၊ တောင်းခံပိုင်ခွင့်။
အပိုဒ်(၁၅) နိုင်ငံသားဖြစ်ခွင့်။
အပိုဒ်(၁၆) အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာ ထူထောင်ခွင့်။
အပိုဒ်(၁၇) ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်။
အပိုဒ်(၁၈) လွတ်လပ်စွာ တွေးခေါ်ယုံကြည် ကိုးကွယ်ခွင့်။
အပိုဒ်(၁၉) လွတ်လပ်စွာ ထုတ်ဖေါ်တင်ပြ ပြောဆိုခွင့်၊ သတင်းများ ရယူခွင့်။
အပိုဒ်(၂၀) ငြိမ်းချမ်းစွာ ဖွဲ့စည်းထားသောအဖွဲ့များအား လွတ်လပ်စွာ ဝင်ရောက်ခွင့်၊ စုဝေးခွင့်။
အပိုဒ်(၂၁) အစိုးရတွင် ပါဝင်ခွင့်။
အပိုဒ်(၂၂) လူမှုဖူလုံရေး ခံစားခွင့်။
အပိုဒ်(၂၃) အလုပ်လုပ်ခွင့်၊ အလုပ်သမားသမဂ္ဂများ ဝင်ရောက်ခွင့်၊ စုဝေးခွင့်။
အပိုဒ်(၂၄) အပန်းဖြေ အနားယူခွင့်။
အပိုဒ်(၂၅) လုံလောက်သော လူမှုအဆင့်အတန်း ခံစားခွင့်နှင့် ဆေးကုသခံပိုင်ခွင့်။
အပိုဒ်(၂၆) ပညာသင်ကြားပိုင်ခွင့်။
အပိုဒ်(၂၇) ယဉ်ကျေးမှုဘဝတွင် ပါဝင်ပိုင်ခွင့်နှင့် မိမိတီထွင်မှုအကျိုးကို မိမိခံစားပိုင်ခွင့်။
အပိုဒ်(၂ဂ) ထိုအခွင့်အရေးများကို လေးစားရန် တာဝန်။
အပိုဒ်(၂၉) အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်
တာဝန်။
အပိုဒ်(၃၀) မည်သူမှ ဤအခွင့်အရေးများကို မချိုးဖောက်ရန် တာဝန်။
လူ့အခွင့်အရေး ကြေညာစာတမ်းတွင် လူသားအခွင့်အရေး၊ နိုင်ငံရေးအခွင့်အရေး၊ စီးပွားရေးအခွင့်အရေးနှင့် ယဉ်ကျေး မှုအခွင့်အရေးများ ပါဝင်သည်။
အပိုဒ်(၁)နှင့် (၂)တို့သည် လူ့အခွင့်အရေး၏ အဓိပ္ပါယ်အယူအဆတို့ကို ရှင်းပြထားသည်။
အပိုဒ်(၃)
မှ (၁၆)နှင့် အပိုဒ်(၁၈)
မှ
(၂၁)
တို့တွင် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများကို ဖော်ပြထားသည်။
အ ပိုဒ်(၂၂) မှ
(၂၇)
အထိ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကို ဖော်ပြထားသည်။
အပိုဒ်(၂၈)
မှ
(၃၀)
အထိသည် ထိုအခွင့်အရေးများကို လေးစားရန်၊ အခြားသူများ၏ အခွင့်အရေးကို လေးစားရန် မည်သူမှမချိုးဖောက်ရန် တာဝန်များကို ရှင်းလင်းဖော်ပြထားသည်။
လူ့အခွင့်အရေး ခြုံငုံလေ့လာခြင်း
နိုင်ငံသားအခွင့်အရေး
အသက်ရှင်သန်ပိုင်ခွင့်။
Ø ညှင်းပမ်းနှိပ်စက်ခြင်း။
Ø ရက်စက်သော အပြစ်ပေးမှုများ မပြုလုပ်ရ။
Ø ကျွန်သဖွယ် ခိုင်စေခြင်းမပြုလုပ်ရ။
Ø ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့် ရှိသည်။
Ø ဘဝ ရှင်သန်ရပ်တည်ရေးအတွက် အခြေခံလိုအပ်ချက်များ ရပိုင်ခွင့်ရှိရမည်။
Ø နိုင်ငံသားဖြစ်ပိုင်ခွင့် ရှိသည်။ ကိုယ်ရေးကိုယ်တာ ကိစ္စများတွင် စွက်ဖက်ခြင်း မရှိရ။
Ø လွတ်လပ်စွာ ဆက်သွယ်ခွင့်။
Ø လွတ်လပ်စွာ သွားလာခွင့်၊ နေရာဒေသရွေးချယ် နေထိုင်ခွင့်။
Ø တရားဥပဒေအရ တူညီမျှတစွာ ခံစားနိုင်ရေးနှင့် ခွဲခြားမှု
မရှိစေရ။
Ø တရားရုံးတွင် လွတ်လပ်သော တရားစီရင်မှု ခံရခွင့်။
Ø ဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း မခံစားစေရ။
Ø စွပ်စွဲခံရစဉ် အပြစ်ကင်းသူဟု ယူဆခံစားခွင့်။
Ø လွတ်လပ်စွာ ဘာသာရေး ယုံကြည်ခွင့်၊ တွေးခေါ်ခွင့်။
Ø လူမျိုးရေးဆိုင်ရာ အခွင့်အရေး။
Ø ကျား၊မ မခွဲခြားပဲ တန်းတူညီမျှ ရှိရေး။
နိုင်ငံရေးဆိုင်ရာ အခွင့်အရေး
Ø လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နှင့် ရေးသားခွင့်။
Ø လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ စုဝေးခွင့်။
Ø ဆန္ဒမဲ ပေးခွင့်။
Ø နိုင်ငံရေးပါတီ တည်ထောင်ခွင့်။
Ø နိုင်ငံရေးနှင့် ပြည်သူ့ဝန်ထမ်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ခွင့်။
Ø သတင်းအချက်အလက်များအား ရယူနိုင်ခွင့်နှင့် ဖြန့်ချီခွင့်။
စီးပွားရေးဆိုင်ရာ အခွင့်အရေး
Ø ဘဝရပ်တည်ရေးအတွက် စီးပွားရေး
လုပ်ဆောင်ခွင့်။
Ø အလုပ်ရရှိခွင့်။
Ø လွတ်လပ်စွာ အလုပ်ရွေးချယ်ခွင့်၊ လုပ်အားခ၊ တရားမျှတသော အလုပ်ငှားမှု ရရှိခွင့်။
Ø သမဂ္ဂထူထောင်ခြင်းနှင့် အလုပ်နားရန် ရရှိခြင်း။
Ø သဘာဝ သယံဇာတများနှင့် ပတ်သတ်၍ နားလည်သဘောပေါက်မှု ရရှိခွင့်။
လူမှုရေးဆိုင်ရာ အခွင့်အရေး
Ø လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ခွင့်။
Ø ပညာ သင်ကြားခွင့်။
Ø ထိမ်းမြှားလက်ထပ်ခွင့်။
Ø မိသားစုအား အစိုးရထံမှ စောင့်ရှောက်မှု ခံစားခွင့်။
Ø ကျမ်းမာရေး အာမခံမှု ရရှိခွင့်။
Ø လူနေမှုဘဝ ကောင်းမွန်ခွင့်။
ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ
Ø အနားယူခြင်း၊ အလုပ်နာ်းရက် အပန်းဖြေခြင်း။
Ø ဘဝရပ်တည်ရေးအတွက် ယဉ်ကျေမှုဆိုင်ရာ လုပ်ဆောင်ခွင့်။
Ø ဥာဏ်ပညာနှင့် ဥစ္စာပစ္စည်း ထိန်းသိမ်းခွင့်။
Ø ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခွင့်။
လူ့အခွင့်အရေးပညာပေး ဆွေးနွေးပွဲမှတ်တမ်း
ရခိုင်သံဃာ့သမဂ္ဂ (RSU) မဲဆောက်၊ ထိုင်းနိုင်ငံ။
ရခိုင်သံဃာ့သမဂ္ဂ (RSU) မဲဆောက်၊ ထိုင်းနိုင်ငံ။
No comments:
Post a Comment