(၁) လူ့အခွင့်အရေးသည် လူတိုင်းအတွက် မွေးရာပါအခွင့်အရေးဖြစ်သည်။ (Human Rights are Inherent)
လူ့အခွင့်အရေးကို ဝယ်ယူ၍မရ၊
လူတိုင်းသည်လူသားဖြစ်နေသောကြောင့် လူ့အခွင့်အရေးကို ရယူပိုင်ဆိုင်ခွင့်ရှိသည်။
(၂) လူ့အခွင့်အရေးသည် လူသားအားလုံးနှင့် သက်ဆိုင်သည်။ (Human Rights
are Universal)
အသားအရောင်၊ လူမျိုး၊ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံရေး၊ လူမှုရေး၊ အတွေးအခေါ်၊ လိင်ကွဲပြားမှုမရွှေး
လူ့အခွင့်အ
ရေးသည် လူသားအားလုံးအပေါ် တန်းတူညီမျှသော လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိသည်။
(၃) လူ့အခွင့်အရေးကို မည်သူကမျှ ယူဆောင်သိမ်းပိုက်၍မရ၊ (Human Rights
are Inalienable)
လူ့အခွင့်အရေးကို မည်သူကမျှ ယူဆောင်သိမ်းပိုက်ခွင့်မရှိ၊ လူတစ်ယောက်၏ မွေးရာပါအခွင့်အရေးကို ထိုသူ၏နိုင်ငံ တော်အစိုးရနှင့် ဥပဒေများက အသိအမှတ်မပြုသည့်တိုင် ထိုလူတွင် လူ့အခွင့်အရေးခံစားခွင့်ရှိသည်။ ထိုသို့ အသိအ မှတ်မပြုခြင်းသည် ထိုသူအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သည်။
(၄) လူ့အခွင့်အရေးများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်စပ်နေသည်။ (Human Rights are Indivisble)
လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်အသက်ရှင်နိုင်ရန်အတွက် လူသားတိုင်းလွတ်လပ်ခွင့်၊ လုံခြုံခွင့်၊ လုံလောက်သော လူနေမှုဘဝများနှင့် လိုက်လျောညီထွေစွာ ခံစားခွင့်ရှိသည်။ မည်သည့်အခွင့်အရေးကိုမှ အခြားအခွင့်အရေးထက် ပို၍ အရေးကြီးသည်ဟု ပြော၍မရ လူ့အခွင့်အရေးတစ်ခု ချိုးဖောက်ခံရခြင်းသည် အခြားအခွင့်အရေးများကိုပါ ထိခိုက် စေသည်။ ထို့အတွက် လူ့ဂုဏ်သိက္ခာသည် လူ့အခွင့်အရေးနှင့် ဆက်စပ်နေသည်။
လူ့အခွင့်အရေးကိုဖယ်ရှား၍မရ။ လူ့အခွင့်အရေးကို မခံစားရခြင်း၊
ဖယ်ရှားခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်။