Tuesday, September 10, 2013

လူ့အခွင့်အရေး၏ အခြေခံအချက်များ


() လူ့အခွင့်အရေးသည် လူတိုင်းအတွက် မွေးရာပါအခွင့်အရေးဖြစ်သည်။ (Human Rights are Inherent)
 လူ့အခွင့်အရေးကို ဝယ်ယူ၍မရ၊ လူတိုင်းသည်လူသားဖြစ်နေသောကြောင့် လူ့အခွင့်အရေးကို ရယူပိုင်ဆိုင်ခွင့်ရှိသည်။

()  လူ့အခွင့်အရေးသည်  လူသားအားလုံးနှင့်  သက်ဆိုင်သည်။ (Human Rights are Universal)
 အသားအရောင်၊ လူမျိုး၊ကိုးကွယ်သည့်ဘာသာ၊  နိုင်ငံရေး၊  လူမှုရေး၊ အတွေးအခေါ်၊ လိင်ကွဲပြားမှုမရွှေး လူ့အခွင့်အ
ရေးသည် လူသားအားလုံးအပေါ် တန်းတူညီမျှသော လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိသည်။

()  လူ့အခွင့်အရေးကို  မည်သူကမျှ  ယူဆောင်သိမ်းပိုက်၍မရ၊ (Human Rights are Inalienable)
လူ့အခွင့်အရေးကို မည်သူကမျှ ယူဆောင်သိမ်းပိုက်ခွင့်မရှိ၊ လူတစ်ယောက်၏ မွေးရာပါအခွင့်အရေးကို ထိုသူ၏နိုင်ငံ တော်အစိုးရနှင့် ဥပဒေများက အသိအမှတ်မပြုသည့်တိုင် ထိုလူတွင် လူ့အခွင့်အရေးခံစားခွင့်ရှိသည်။ ထိုသို့ အသိအ မှတ်မပြုခြင်းသည် ထိုသူအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သည်။

()  လူ့အခွင့်အရေးများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်စပ်နေသည်။ (Human Rights are Indivisble)
လူ့ဂုဏ်သိက္ခာနှင့်အညီ  နေထိုင်အသက်ရှင်နိုင်ရန်အတွက် လူသားတိုင်းလွတ်လပ်ခွင့်၊  လုံခြုံခွင့်၊  လုံလောက်သော လူနေမှုဘဝများနှင့် လိုက်လျောညီထွေစွာ ခံစားခွင့်ရှိသည်။ မည်သည့်အခွင့်အရေးကိုမှ အခြားအခွင့်အရေးထက်  ပို၍  အရေးကြီးသည်ဟု  ပြော၍မရ  လူ့အခွင့်အရေးတစ်ခု  ချိုးဖောက်ခံရခြင်းသည် အခြားအခွင့်အရေးများကိုပါ  ထိခိုက် စေသည်။ ထို့အတွက် လူ့ဂုဏ်သိက္ခာသည် လူ့အခွင့်အရေးနှင့် ဆက်စပ်နေသည်။ လူ့အခွင့်အရေးကိုဖယ်ရှား၍မရ။ လူ့အခွင့်အရေးကို မခံစားရခြင်း၊ ဖယ်ရှားခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်။ 

Tuesday, June 19, 2012

 
ရခိုင်လူမျိုးတို့၏ ရင်နင့်ဖွယ်ရာ သမိုင်းဖြစ်ရပ်မှန် (သို့မဟုတ်) ဘင်္ဂလီကုလား 
ရိုဟင်ဂျာအမည်ခံသူများ ရက်စက်ပုံ
မင်းတို့ဒီသမိုင်းကို သိမှ ကုလားနဲ့ အိမ်ထောင်ပြုမယ်ဆိုတဲ့သူတွေ ကုလားဆိုင်ကိုအားပေးနေတဲ့သူတွေ အပေါင်းအသင်းလုပ်နေတဲ့သူတွေ စဉ်းစားကြပါ ကုလားကို တိုင်းရင်းသားစာရင်းထဲ ထည့်ဖို့တောင်းဆိုတာကတော့ကွာ.....ရခိုင်လူမျိုးတို့၏ ရင်နင့်ဖွယ်ရာ သမိုင်းဖြစ်ရပ်မှန် (သို့မဟုတ်) ဘင်္ဂလီကုလား ရိုဟင်ဂျာအမည်ခံသူများ ရက်စက်ပုံ



(
၁၉၄၂)ခုနှစ် ကုလားရခိုင် အဓိကရုဏ်း စတင်ဖြစ်ရခြင်း အကြောင်းတရားကား စစ်တွေမြို့မှ စတင်ဖြစ်ပွားလေသည်။ အင်္ဂလိပ်တပ်ဖြစ်သော ရာခ်ျပုကုလားစစ်သားများက ရခိုင်အမျိုးသမီးများကို အဓမ္မပြုကျင့်ကာ ရခိုင်အမျိုးသားများကို ကုလားအရပ်သားများနှငိ့ ပူးပေါင်း၍ အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ရာမှ မခံမရပ်နိုင်ဖြစ်ပြီး စတင်ဖြစ်ပွားလာရခြင်းဖြစ်လေသည်။ ယင်းပြဿနာသည် မြေပုံမြို့နယ်၊ မင်းပြားမြို့နယ်၊ 
 မြောက်ဦးမြို့နယ်၊  ကျောက်တော်မြို့နယ်များသို့ ကူးစက်သွားသည်။

Monday, May 21, 2012

(၈)ကြိမ်မြောက် ရခိုင်ရိုးရာကျင်ပွဲ (၂၀၁၂) လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း၊ ဖူးကတ်၊ထိုင်းနိုင်ငံ။

Tuesday, April 3, 2012

(၈) ကြိမ်မြောက် ရခိုင်ရိုးရာကျင်ပွဲ ကျင်းပမည်။


၂၀၁၂ ခုနှစ်- ဧပြီလ (၁၄) ရက်၊ ၁၃၇၃-၇၄ ခုနှစ် တန်းခူးလဆုပ် (၈) ရက် စနေနေ့တွင် (၈) ကြိမ်မြောက်  ရခိုင်ရိုးရာ ကျင်ပွဲကို ဖူးကတ်မြို့၊ပါသောင် မနှင်းဆီ ပန်းရန်ဆိုဒ်၌ လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ  ကြီးမှုကျင်းပသွားမည် ဖြစ်ပါသည်။
 
ယခင် နှစ်များနှင့်မတူဘဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါ၍  ကျင်ဝါသနာရှင် ကျင်သန်မောင်များနှင့် ထိုင်းနိုင်ငံရောက် ရခိုင်သူ/သား ညီကိုယ် မောင်နှမများ အနေဖြင့် ရခိုင်ရိုးရာ ကျင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အားပေးကြရန်အတွက် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ဆုကြေးအဖြစ် ( ရွှေ ) ပ-ဒု နှင့် ( ငွေ ) ပ-ဒု များကိုလည်း ရွှေသားအစစ်ဖြင့် စီစဉ်ပြုလုပ်ထားပြီး၊ ရွှေမောင်း ပထမဆု- ထိုင်းဘတ် 13000 ၊ ဒုတိယဆု- 10000 ဘတ် နှင့် ငွေမောင်း ပထမဆု- 10000 ဘတ်၊ ဒုတိယဆု 7000 ဘတ် အသီးသီး တန်ဖို့ဖြစ်ပါသည်။  ဝါသနာရှင် ကျင်သန်မောင်များ ကြေနပ်အားရဖွယ်ရှိအောင်  ဆုချီးမြင့်ပေးသွားမည် ဖြစ်ပါသည်၊

             
ဆက်သွယ်ရန်။            ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များ
                                  ( ၀၈ ၇၃၈ ၇၂၃၂၁ - ၀၈ ၄၆၈၉ ၃၁၄၃ -  ၀၈ ၈၈၂၀ ၇၀၄၉ -
       ၀၈ ၃၁၀၃ ၉၉၃၆ -၀၈ ၉၇၂၅ ၄၃၄၁ -
         ၀၈ ၆၉၅၀ ၉၆၁၅ - ၀၈ ၈၁၆၉ ၆၃၀၆ ) 

             အပြန် အခက်အခဲ ရှိသူများအား ကားစီစဉ်ပေးမည် ဖြစ်ပါသည်။ 

                                              လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်း

Monday, January 2, 2012

(၂၂၇) နှစ်ပြည့် ရခိုင်ဘုရင့်နိုင်ငံ အချုပ်အခြာအာဏာကျဆုံးခြင်း


 ၂၀၁၁-ခုနှစ်၊ ဒီဇင်္ဘာလ(၃၁)ရက်နေ့ (၂၂၇) နှစ်ပြည့် ရခိုင်ဘုရင့်နိုင်ငံ အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် ပွဲကျင်းပခဲ့ကြသည့် နေရာများ





(၂၂၇)နှစ်ပြည့် ရခိုင်ဘုရင့်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် ထိုင်းနိုင်ငံ ဖူးကတ်မြို့တွင် ကျင်းပ

(၂၂၇)နှစ်ပြည့် ရခိုင်ဘုရင့်အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲကို ဒီဇင်္ဘာလ (၃၁) ရက်၊ စနေနေ့ နေ့လည် (၁၂) နာရီမှ ညနေ () နာရီအထိ ထိုင်းနိုင်ငံ၊ ဖူးကတ်မြို့တွင် လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ ဦးဆောင်ကျင်းပခဲ့ပါသည်။

အခမ်းအနားပွဲသို့ ဆရာတော် သံဃာတော်များ၊ ရခိုင်သူ ရခိုင်သားများနှင့် တခြားတိုင်းရင်းသားများအပါအဝင် လူပေါင်း (၆၅၀) ကျော်လောက် တက်ရောက်ခဲ့ကြပါသည်။ ဤအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်သူများအား မိမိတို့၏ သမိုင်းမှန်ကို သိရှိနိုင်စေရန်နှင့် အတိတ်မှာ ဖြစ်ပျက်ခဲ့သည်များကို သင်ခန်းစာယူပြီး အနာဂတ် ရခိုင်မျိုးဆက်သစ်များမှ မိမိတို့၏ အမျိုးသားရေးတာဝန်များကို စည်းလုံးညီညွတ်စွာဖြင့် ပိုမိုထမ်းဆောင်နိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ပါသည်။

အခမ်းအနားပွဲသို့ တက်ရောက်လာသူပေါင်း (၆၅၀) ကျော်အား ရခိုင်ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြ ပါသည်။ အခမ်းအနားပြီးဆုံးချိန်တွင် ပျော်ပွဲရွှင်ပွဲအနေဖြင့် Laptop ကွန်ပျူတာနှစ်လုံးအပါအဝင် အခြားဆုမဲပေါင်း (၅၀)အား ကံစမ်းမဲအဖြစ် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားပွဲကို ထိုင်းနိုင်ငံဒေသအာဏာပိုင်များနှင့် ညှိနှိုင်းတိုင်ပင်၍ လုံခြုံရေးအခက်အခဲ မရှိ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

ယခုနှစ် အခမ်းအနားကျင်းရခြင်းနှင့် ပတ်သတ်၍ လေးဝတီမျိုးချစ်ရခိုင်လူမှုရေးအသင်း၏ ဥက္ကဋ္ဌ ကိုစိုးမြင့်မှ ဤ၀မ်းနည်းအောက်
မေ့ဖွယ် အခမ်းအနားအား ဖူးကတ်မြို့တွင် ကျင်းပခဲ့သည်မှာ ခါတိုင်းနှစ်များနှင့် မတူဘဲ ယခုနှစ်တွင် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်မှာ ကျနော်တို့ အသင်းသူ/သားများနှင့် ရွေ့ပြောင်းအလုပ်သမားများ၏ ၀ိုင်းဝန်ကူညီမှုများကြောင့်ဖြစ်သည်။  အခမ်းအာနားပွဲသို့ လူပေါင်း (၆၅၀) ကျော်လောက် တက်ရောက် အားပေးခဲ့သည်မှာ အားရကြေနပ်ဖွယ်ပင်ဖြစ်ပါတယ်

Saturday, October 29, 2011

ထိုင်းနိုင်ငံ ရေဘေးဒုက္ခသည်ထဲမှ ရခိုင်ရွှေ့ပြောင်းအလုပ်သမားများ


လွန်ခဲ့သည့် သတင်းနှစ်ပတ်ကျော်လောက်က ထိုင်းနိုင်ငံ၊ အယုဒ္ဒယာမြို့၌ ရေအဆမတန်လွှမ်းမိုးမှုကြောင့်
စက်ရုံအသီးသီး၌ အလုပ်လုပ်နေကြသည့် ရခိုင်ရွှေ့ပြောင်းအလုပ်သမားများတို့သည် ရေဘေးအန္တရာယ်မှ ဘေးလွတ်ရာသို့ကိုယ်စီ ထွက်ပြေးနေကြရသည်။
အချို့သောသူများသည် အယုဒ္ဒယာနှင့် ဘန်ကောက်မြို့ကို ရေအဆမတန်လွှမ်းမိုဖို့ရှိနေတယ် ဆိုတဲ့ကောလဟာလ သတင်းထွက်ပေါ်လာမှုကြောင့် ဘန်ကောက်မြို့ မော်ချစ်ကားဂိတ်မှ ဟိုက်ဝေးကာဖြင့် မဲဆောက်သို့ ထွက်ပြေးတင်းရှောင်နေကြသည်။
ကျန်ရှိနေသော ရခိုင်ရွှေ့ပြောင်း အလုပ်သမားအချို့မှာ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ (နခေါင်ပထုံမြို့တွင်) ဖွင့်လှစ်ထားသည့် ရေဘေးဒုက္ခသည်စခန်း၌ ယာယီနေထိုင်ခွင့်ပြုထားသည်။
ထိုင်းအစိုးရမှ ရွှေ့ပြောင်းအလုပ်သမားများအား ဒုက္ခသည်စခန်း၌ နေထိုင်ခွင့်ပြုရခြင်း၏ရည်ရွယ်ချက်မှာ
ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် စက်ရုံ၊အလုပ်ရုံများ ခေတ္တပိတ်ထားရသည့်အတွက်ကြောင့် ရွှေ့ပြောင်းအလုပ်
သမားများသည် မိမိနေရပ်ကိုပြန်သွားခဲ့ရင် ထိုင်းနိုင်ငံအတွင်း အလုပ်သမားလျှော့နည်းသွားမှာစိုးရိမ်မှုကြောင့်
ရေဘေးဒုက္ခသည်စခန်း ယာယီဖွင့်ပေးထားခြင်းဖြစ်သည်။

မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများနှင့် ရခိုင့်ရွှေ့ပြောင်းအလုပ်သမားများ ကိစ္စနှင့်ပါတ်သတ်လို့ ထိုင်းနိုင်ငံအစိုးရ အနေဖြင့် နောက်ဆက်တွဲ မည်သို့လုပ်ဆောင်ပေးမည်ကို မသိရသေးပါ။
ရေဘေးဒုက္ခသည်များအနေဖြင့် ဆက်ပြီးအလုပ်လုပ်ကိုင်ချင်ပါက အလုပ်ရှာဖွယ်ပေးမည်၊ မိမိနေရပ်ကို ပြန်လိုပါက ထိုင်းအစိုးရမှ ပြန်ပို့ပေးမည်ဟု ကောလဟာလ သတင်းထွက်ပေါ်နေပါတယ်။

                                                                                    နေမင်းထွန်း (ထိုင်း)


Friday, October 28, 2011

ထိုင်းနိုင်ငံ ရေဘေးဒုက္ခသည်ထဲမှ ရခိုင်ရွှေ့ပြောင်းအလုပ်သမားများ

လွန်ခဲ့သည့် သတင်းနှစ်ပတ်ကျော်လောက်က ထိုင်းနိုင်ငံ၊ အယုဒ္ဒယာမြို့၌ ရေအဆမတန်လွှမ်းမိုးမှုကြောင့်
စက်ရုံအသီးသီး၌ အလုပ်လုပ်နေကြသည့် ရခိုင်ရွှေ့ပြောင်းအလုပ်သမားများတို့သည် ရေဘေးအန္တရာယ်မှ ဘေးလွတ်ရာသို့ကိုယ်စီ ထွက်ပြေးနေကြရသည်။
အချို့သောသူများသည် အယုဒ္ဒယာနှင့် ဘန်ကောက်မြို့ကို ရေအဆမတန်လွှမ်းမိုဖို့ရှိနေတယ် ဆိုတဲ့ကောလဟာလ သတင်းထွက်ပေါ်လာမှုကြောင့် ဘန်ကောက်မြို့ မော်ချစ်ကားဂိတ်မှ ဟိုက်ဝေးကာဖြင့် မဲဆောက်သို့ ထွက်ပြေးတင်းရှောင်နေကြသည်။
ကျန်ရှိနေသော ရခိုင်ရွှေ့ပြောင်း အလုပ်သမားအချို့မှာ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ (နခေါင်ပထုံမြို့တွင်) ဖွင့်လှစ်ထားသည့် ရေဘေးဒုက္ခသည်စခန်း၌ ယာယီနေထိုင်ခွင့်ပြုထားသည်။
ထိုင်းအစိုးရမှ ရွှေ့ပြောင်းအလုပ်သမားများအား ဒုက္ခသည်စခန်း၌ နေထိုင်ခွင့်ပြုရခြင်း၏ရည်ရွယ်ချက်မှာ
ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် စက်ရုံ၊အလုပ်ရုံများ ခေတ္တပိတ်ထားရသည့်အတွက်ကြောင့် ရွှေ့ပြောင်းအလုပ်
သမားများသည် မိမိနေရပ်ကိုပြန်သွားခဲ့ရင် ထိုင်းနိုင်ငံအတွင်း အလုပ်သမားလျှော့နည်းသွားမှာစိုးရိမ်မှုကြောင့်
ရေဘေးဒုက္ခသည်စခန်း ယာယီဖွင့်ပေးထားခြင်းဖြစ်သည်။
မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများနှင့် ရခိုင့်ရွှေ့ပြောင်းအလုပ်သမားများ ကိစ္စနှင့်ပါတ်သတ်လို့ ထိုင်းနိုင်ငံအစိုးရ အနေဖြင့် နောက်ဆက်တွဲ မည်သို့လုပ်ဆောင်ပေးမည်ကို မသိရသေးပါ။
ရေဘေးဒုက္ခသည်များအနေဖြင့် ဆက်ပြီးအလုပ်လုပ်ကိုင်ချင်ပါက အလုပ်ရှာဖွယ်ပေးမည်၊ မိမိနေရပ်ကို ပြန်လိုပါက ထိုင်းအစိုးရမှ ပြန်ပို့ပေးမည်ဟု ကောလဟာလ သတင်းထွက်ပေါ်နေပါတယ်။


Monday, September 19, 2011

ရခိုင်ပြည် သတင်းများ

image

ရခိုင်က ထွက်သော သဘာဝဓါတ်ငွေ့ ရခိုင်ပြည်နယ်တွင် သုံးစွဲရန် အစီအစဉ်မရှိဟု စွမ်းအင်ဝန်ကြီး ပြောဆိုချက်အပေါ် ရခိုင်ခေါင်းဆောင် တချို့၏ တုန့်ပြန်မူများ 

 

 - ကျောက်ဖြူ ယာဉ်တိုက်မှု ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရ

အပြည့်အစုံသို click

  ရခိုင်ကထွက်သော သဘာဝဓာတ်ငွေ့ ရခိုင်ပြည်နယ်တွင် သုံးစွဲရန် အစီအစဉ်မရှိဟု စွမ်းအင်ဝန်ကြီး ပြောဆို ချက်အပေါ် ရခိုင်ခေါင်းဆောင်တချို့၏ တုံ့ပြန်မှုများ

အပြည့်အစုံသို click

 

- ကျောက်ဖြူမြို့နယ်တွင် အပေါ်ယံမြေကြောမှ ရေနံထွက်၍ လူအများအပြား သွားရောက် တူးယူနေ အပြည့်အစုံသို့ click

Thursday, September 8, 2011

ဆရာတော် ဦးဥတ္တမ သတင်းနှင့် ဆောင်းပါးများ

ဘိုးလင်းဂရင်းမြို့၊ ဝေဠုမြိုင်တောရကျောင်းတွင် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပ (ဓာတ်ပုံ) အပြည့်အစုံသို click

 RNDP မှ ဆရာဦးဥတ္တမ စာစောင်များ ဖြန့်ဝေမှု နှောင့်ယှက်ဟန့်တားမှုမရှိ အပြည့်အစုံသို့ click

- ဆရာတော် ဦးဥတ္တမ ကြေးရုပ်တွင် ပန်းခွေချ ပူဇော်မည့်အစီအစဉ် ခွင့်ပြုချက်မရသေး  အပြည့်အစုံသို့ click

ရခိုင်ပြည်နယ်အစိုးရ မြန်မာယဉ်ကျေးမှု အဆိုအကပြိုင်ပွဲ လုပ်၍ ဦးဥတ္တမနေ့အား အာရုံပြောင်း အပြည့်အစုံသို့ click

- လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ (ဆောင်းပါး) အပြည့်အစုံသို့ click

- ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် အပြည့်အစုံသို့ click

Monday, September 5, 2011

ARAKAN ကို တရားမ၀င် အသုံးပြုနေခြင်းကို ကန့်ကွက်သည့် အခမ်းနား ရန်ကုန်မြို့တွင် ကျင်းပ

စံလင်း 


 ဦးဆောင်ရာတွင် ပါဝင်သူ တစ်ဦးက “ ခုလို ပြုလုပ်နေတာကို ကန့်ကွက်သလို တခြား တဘက်မှာလည်း ရခိုင်တမျိုးသားလုံးကို အရေးပေါ် အသိပေး တင်ပြတာ ဖြစ်ပါတယ် ” ဟု ပြောသည်။


Yangon-Rakhine-meeting
အခမ်းနားကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် စက်တင်ဘာ(၂)ရက် နေ့လည်(၂)နာရီ မှ ညနေ (၅)နာရီထိ ကျင်းပ ပြုလုပ်ခဲ့သည်။

ကန့်ကွက်ပွဲ ကျင်းပရခြင်းကို သူက ယခုလို ရှင်းပြ ပြောဆိုသည်။

“ အခု ရိုဟင်ဂျာ ဝပ်ဆိုက်တွေမှာ အာရကန်ကို အာရကန်ရိုဟင်ဂျာ Association ရခိုင်ပြည်နယ် မြေပုံကို သူတို့၏ တိုင်းပြည် သဘောမျိုးနဲ့ ထိပ်စီးခေါင်းစဉ်မှာ တင်ထားပြီးတော့ အာရေဗျာဘာသာ၊ ကိုရန်ဘာသာတွေနဲ့ ရေးထားတယ်။ ပြီးတော့ သူတို့ရဲ့ လစဉ်ထုတ် ဂျာနယ်တွေမှာ အာရကန်ဆိုတဲ့ အသုံးနှုန်းကို သူတို့၏ လူမျိုး၊ သူတို့တိုင်းပြည်၊ သူတို့၏ ယဉ်ကျေးမှု ဘာသာစကား အနေနဲ့ သုံးထားတာတွေ၊ ကမ္ဘာမှာလည်း လူ့အခွင့်ရေးကို အခွင့်ကောင်း ယူပြီးတော့ ရခိုင်သမိုင်းကို သူတို့ သမိုင်းလုပ်တယ်။ ရခိုင်ဘုရားတွေကို သူတို့ဘုရားလုပ်တယ်။ ရခိုင်ဘုရင်တွေကို သူတို့ဘုရင် လုပ်တယ်။ ရခိုင်ယဉ်ကျေးမှုတွေကို သူတို့ယဉ်ကျေးမှုလုပ်တယ်။ ရခိုင်ဒင်္ဂါးတွေကိုလည်း သူတို့ ဒင်္ဂါးလုပ်တယ်။ ပြီးတော့ လုပ်ကြံထားတဲ့ သမိုင်းတွေနဲ့ ကမ္ဘာမှာ တော်တော်လေးကို လိမ်လည် လှည့်ဖျားနေတယ်။ ရိုဟင်ဂျာတွေက အဲဒီလို လုပ်နေတဲ့အတွက် ရခိုင်ပြည်သူ တရပ်လုံးက လှုပ်ရှားမှ ဖြစ်တော့မယ်လို့ ယူဆတဲ့ အတွက် ကျနော်တို့က ခုလို တင်ပြဆွေးနွေးတာဖြစ်ပါတယ်။” ဟု ပြောသည်။

၎င်း အခမ်းအနားသို့ ရခိုင်သဟာယဥက္ကဌ ဦးခင်မောင်စိုး၊ ဦးမင်းကြည်၊ ဆရာကြီးဦးထွန်းရွှေခိုင်၊ ဆရာကြီးဒေါက်တာကျော်သိန်း၊ ဆရာမကြီးဒေါ်စောခင်တင့်၊ ဦဦးလှမြင့် နှင့် ရန်ကုန်မြို့ရှိ ရခိုင်မြို့နယ်ပေါင်းစုံ အသင်းအဖွဲ့များမှ ဥက္ကဌများ၊ ရခိုင်သဟာယအသင်းဝင်များ လှိုင်သာယာမြို့နယ် ရခိုင်အသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ အပြင် အခမ်းအနားကိုလူပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့သည်။

ယခုကဲ့သို့ ဆောင်ရွက်နေသည်ကို မြန်မာနှင့် နိုင်ငံတကာ အတိုင်းအတာထိ ကျယ်ပြန့်စွာ လုပ်ဆောင်သွားမည်ဟု လည်း သူက ပြောသည်။

" ကျနော်တို့ မနေ့က ဆုံးဖြတ်တဲ့ အခါ အဲဒီ အချက်တွေလည်းပါတယ်။ ကျနော်တို့ အသေးစိတ် ထုတ်ပြန်တဲ့ စာရွက် စာတန်းတွေကို အားလုံးရဲ့ သဘောတူညီချက်နဲ့ ယူနီစကို၊ ယူအန်နဲ့ သက်ဆိုင်တဲ့ အဖွဲ့စည်းတွေ၊ မနေ့က ယူအန်မှာ လုပ်ခဲ့တဲ့သူတွေ လည်းတက်ရောက်ပါတယ်။ သူတို့ကလည်း သူတို့ အဆက်သွယ်နဲ့ ယူအန်ကို ရောက်အောင် ပို့ပေးမှာပါ။ သံရုံးတွေကို ပို့မယ်၊ အမေရိကန် အစိုးရတို့နောက်ပြီး မူဆလင် အရေးနဲ့ ထိစပ်နေတဲ့ နိုင်ငံတွေကို ပို့ပေးမယ်။ ပြည်ပမှာ ရှိနေတဲ့သူတွေက ပို့ပီးလှုပ်ရှားရ လွယ်ကူတယ်။ ပြည်ပက လူတွေနဲ့လည်း ဆက်သွယ်ပြီး ဒီကိစ္စကို အလေးနက်ထား လုပ်စေချင်ပါတယ။် အဓိကတော့ ရခိုင်သူ ရခိုင်သားတွေဟာ ဘာမဟုတ်တာလေးနဲ့ ကွဲပြား နေတာမျိုး အသာထားပြီး အခုကိစ္စကို ပါရာဒိုင်းက ဘင်္ဂါလီအရေး ဖြစ်လို့ အခြား တိုင်းရင်းသားတွေ၊ မြန်မာလူမျိုးတွေ အကုန်လုံးပါဝင်အောင် စည်းရုံးသွားမှာပါ။” ဟု ပြောသည်။

၎င်းပြင် အဆိုပါ အခမ်းအနားတွင် ဆုံးဖြတ်ချက် (၂) ခုကိုလည်း ချမှတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်များမှာ (၁) ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတို့၏ တိုင်ပြည်နှင့် လူမျိုးကို ခေါ်ဆိုသော ARAKAN ဟူသော ဝေါဟာရကို ဘင်္ဂါလီ မူဆင်လင် အချို့က တရားမ၀င် လုယူသုံးစွဲ နေမှုကို ရခိုင် တမျိုးသားလုံးက တခဲနက် ရှုတ်ချ ကန့်ကွက်ကြောင်း။ (၂) ယင်းသို့ တရားမ၀င်သုံစွဲနေခြင်းကို ရခိုင်သူ ရခိုင်သား တရပ်လုံးက ဖြစ်နိုင်သမျှ နည်းလမ်း အသွယ်သွယ်ဖြင့် တုန့်ပြန် ဆောင်ရွက်သွားရန် တို့ ဖြစ်ကြောင်း သိရသည်။ 

http://www.narinjara.com/burmese.asp